အာဆင်နယ်အသင်းကတော့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း အသင်းက ကွင်းလယ်လူ သောမတ်စ် ပါတေးကို ရောင်းချပြီး အက်စတွန် ဗီလာ ကွင်းလယ်ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ပြန်လည် ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းက ဒီနွေမှာ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး အသင်း ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းထားပေမယ့်လည်း နောက်ထပ် ကွင်းလယ်လူ တစ်ဦးကိုပါ ထပ်မံ ဖြည့်တင်းချင်တဲ့အတွက် လူးဝစ်ဇ်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Football365

မန်စီးတီး ကစားသမားဟောင်း လူးဝစ်ဇ်က အာဆင်နယ်ရဲ့ ပစ်မှတ်ဟောင်း ကစားသမားဖြစ်ပြီး ဒီရာသီထဲ နည်းပြ အမ်မရီလက်ထက် ဗီလာအသင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနေသူလည်း ဖြစ်ပါတယ်။

ဒီလို ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဘရာဇီးလ် ကွင်းလယ်လူ လူးဝစ်ဇ်ကို အာဆင်နယ်က လာမယ့် ဆောင်းဈေးကွက်ထဲမှာပဲ အသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး အမ်မရီကတော့ လူးဝစ်ဇ်လို အသင်းအတွက် အရေးပါတဲ့ ကစားသမားကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားချင်နေပါတယ်။

Photo Credit : beIN SPORTS

အာဆင်နယ်အနေနဲ့ကတော့ လူးဝစ်ဇ်ကို အသင်းဆီ ခေါ်ယူနိုင်ဖို့ အသေအချာ ကြိုးပမ်းသွားမှာဖြစ်ပြီး တစ်ဖက်မှာလည်း အသင်းရဲ့ ဂါနာ ကွင်းလယ်လူ ပါတေးကိုပါ အသင်းကနေ ပြန်လည် ရောင်းထုတ်သွားဖို့ စီစဉ်နေပါတယ်။

အသက်လက်တီကို ကစားသမားဟောင်း ကွင်းလယ်ခံစစ် ကစားသမား ပါတေးကိုတော့ လက်ရှိမှာ ဂျုဗင်တပ်စ် နဲ့ အသင်းဟောင်း အသက်လက်တီကိုတို့က စိတ်ဝင်စားလျက် ရှိနေပြီး ဆော်ဒီကလပ်တွေကလည်း ပါတေးရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။