ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် အပါအဝင် လာလီဂါ အင်အားကြီးကလပ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ဗယ်လာဒိုးလစ် ညာနောက်ခံလူ ဖရက်နီဒါကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်​ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်၁နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးနောက် ဆယ်စုနှစ် ၂စုနီးပါး ကြာအောင် လက်လွှတ်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပြန်လည် သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားပြီး ယခု ဆောင်းဈေးကွက် အတွင်းမှာလည်း အသင်းကို တတ်နိုင်သမျှ အင်အားဖြည့်နိုင်ဖို့ ကြိုးစားနေပါတယ်။

Photo Credit: Goal

အာဆင်နယ်က ယခု ဆောင်းဈေးကွက် အတွင်းမှာ ဘယ်တောင်ပံ ကစားသမား ထရော့ဆက်ကို ဝယ်ယူထားသလို စီးရီးအေကလပ် စပီဇီယာရဲ့ ဘယ်နောက်ခံလူ ခီဗီယောကိုပါ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ယနေ့မှာပဲ အာဆင်နယ်က ခီဗီယောကို အသင်းရဲ့ ကစားသမားသစ် အဖြစ် တရားဝင် မိတ်ဆက်ဖွယ် ရှိပါတယ်။

အာဆင်နယ်က ခီဗီယောရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နေစဉ်မှာပဲ ဗယ်လာဒိုးလစ်နဲ့အတူ တောက်ပနေတဲ့ လူငယ် ညာနောက်ခံလူ ဖရက်နီဒါကို ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အာဆင်နယ်က ဗယ်လာဒိုးလစ်နဲ့ ဖာနီဒါရဲ့ ပြောင်းရွှေ့ကြေး အတွက် တရားဝင် ဆွေးနွေးနေသလို တဖက်မှာလည်း ဖရက်နီဒါရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ ညှိနှိုင်းနေပါတယ်။

Photo Credit: Goal

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဗယ်လာဒိုးလစ် ညာနောက်ခံလူ ဖရက်နီဒါက ယခုနှစ် ဘောလုံးရာသီမှာ ဗယ်လာဒိုးလစ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက ဗယ်လာဒိုးလစ် အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ အထိ ဝင်ရောက် ကစားပေးထားနိုင်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဖရက်နီဒါကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေသလို သဘောတူညီမှု ရဖို့လည်း နီးစပ်နေပြီး ဖရက်နီဒါက ယခု ဆောင်းဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ ပြင်ဆင်ထားတာကြောင့် ဗယ်လာဒိုးလစ်ရဲ့ ပွဲတွေကိုတောင် ဝင်မကစားပေးတော့ဘူးလို့ သိရပါတယ်။