မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ်ဂွာဒီယိုလာက သူတို့အသင်းမှာ ရှိမနေတဲ့ အရာတစ်ခုက ပရီးမီးယားလိဂ် title challenger အသင်းဖြစ်သော အာဆင်နယ်အသင်းဆီမှာ ရှိနေတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Goal
“ဆက်ပြီးတော့ အာဆင်နယ်အသင်းက ရေပန်းအစားဆုံး အသင်း ဖြစ်နေရဆဲပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့က ထိပ်ဆုံးမှာ ရှိနေတယ်။ (၅)မှတ်လည်း ဖြတ်တောက်ထားနိုင်တယ်။ သူတို့က ပထမ ရာသီဝက်ကို မယုံနိုင်စရာကောင်းလောက်အောင် ဖန်တီးထားနိုင်ခဲ့ပါတယ်။ အမှတ် နည်းနည်းလျော့ခဲ့ပေမယ့်လည်း သူတို့ ပြန်လာနေပါပြီ”
Photo Credit : Planet Football
“သူတို့က ပရီးမီးယားလိဂ်ဖလားကို မဆွတ်ခူးနိုင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ပြီးတော့ သူတို့က နာကျင်အချိန်ပိုတွေြုဖစ်တဲ့ (၉၃)မိနစ် (၉၆)မိနစ် (၉၈)မိနစ်တွေအထိ ရုန်းကန်ရင်းပါ နိုင်ပွဲဖော်ဆောင်ခဲ့တယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ဆီမှာ ရှိမနေတဲ့ အရာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပရီးမီးယားလိဂ်ဖလားကို (၂)ကြိမ်ဆက်တိုက် (၂)ခါအထိ ရယူထားနိုင်ဖူးလို့ပါ။ ဒါကြောင့် လူတွေက ခင်ဗျားအနေနဲ့ ဖလား(၂)ကြိမ်ဆက်တိုက်ကို (၂)ခါအထိ ယူဆောင်ထားမယ် ၊ တစ်ဖက်မှာကလည်း ရာသီဝက်အတွင်း ရမှတ်(၅၀)လောက်အထိ စုဆောင်ထားတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အသင်းအပေါ် ဘယ်လိုထင်မြင်မလဲ မေးရင် ကျွန်တော်တို့ ဒီနေရာမှာပဲ ရှိနေသေးတယ်လို့ ပြောရပါမယ်” နည်းပြ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Finical Time
ဆက်လက်ပြီး ပက်ပ်က “ဒီလို နိုင်ငံမျိုးမှာ ခင်ဗျားက အောင်မြင်မှုများစွာ ရယူထားနိုင်ပြီးမှ ဘောလုံးရာသီတစ်ခုကို ကောင်းကောင်း မစတင်နိုင်ခဲ့အခါ တာထွက်မကောင်းသေးတဲ့အခါ ဒါမှမဟုတ် တခြား တစ်သင်းသင်းက ပိုကောင်းနေတဲ့အခါမျိုးကျရင် ခင်ဗျားအသင်းကို title race က ဖယ်ရှားတတ်ကြတာ ပုံမှန်လိုပါပဲ။ ကျွန်တော်တို့က ဒီလို ပုံစံမျိုး မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့က title race နေရာမှာ ရှိတုန်းပဲ။ ရာသီအကုန်မှာ ဘာတွေ ဆက်ဖြစ်မလာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေရာမှာ ရှိနေတုန်းပဲ ဖြစ်သလို ဆက်လက်ပြီးလည်း တိုက်ပွဲဝင်နေဦးမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။