အာဆင်နယ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် နယူးကာဆယ်အသင်း ကွင်းလယ်ကစားသမားဖြစ်သူ ဘရူနို ဂွီမာရေ့စ်ကို ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်က ဒီရာသီမှာလည်း ဝက်စ်ဟမ်းအသင်းရဲ့ အသင်းခေါင်းဆောင် အင်္ဂလန် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ခေါ်ယူခဲ့ပြီး အသင်းကွင်းလယ်ပိုင်းဟာ အတော်လေး ကောင်းမွန်သွားတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : Eurosport

တကယ်တော့ လက်ရှိမှာ အာဆင်နယ်က အရည်အသွေးမြင့်မားတဲ့ အထောင်တိုက်စစ်မှူးတစ်ဦးကို ဦးစားပေး ခေါ်ယူသွားဖို့ လိုအပ်နေတာ ဖြစ်ပေမယ့်လည်း လာမယ့်ရာသီမှာ သောမတ်စ် ပါတေးနဲ့ ဂျော်ဂျင်ဟိုတို့လို ကွင်းလယ်လူတွေကို လက်လွတ်ရနိုင်တာဖြစ်လို့ သူတို့နေရာမှာ အစားထိုးဖို့အတွက် ဂွီမာရေ့စ်ကို ခေါ်ယူချင်လာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဂွီမာရေ့စ်က နယူးကာဆယ်အသင်းအတွက် တကယ့်ကို အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီးတော့ ဥရောပထ်ိပ်သီး ကလပ်အသင်းတိုင်း စိတ်ဝင်စားမှုကိုပါ ရရှိထားသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နယူးကာဆယ်ကတော့ သူတို့အသင်းအတွက် အဓိကကျတဲ့ ကစားသမားမို့ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားချင်နေပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် ခက်တာက နယူးကာဆယ်အနေနဲ့ FFP စည်းမျဉ်းတွေနဲ့ ညှိစွန်းနေတဲ့ အခြေအနေတွေကြောင့် လာမယ့်ဈေးကွက်ထဲမှာ အသင်းက ထိပ်တန်း ကစားသမားတချို့ကို ရှင်းထုတ်ရနိုင်ပြီး အဲ့ဒီထဲမှာ အီဆက်ခ် ဂွီမာရေ့စ်တို့လည်း ပါဝင်လာနိုင်ပါတယ်။

ဒီလို အခြေအနေတွေမှာ အာဆင်နယ်က တိုက်စစ်မှူး အီဆက်ခ်ရော ကွင်းလယ်လူ ဂွီမာရေ့စ်ကိုပါ တစ်ပါတည်း ခေါ်ယူချင်လာခဲ့ပြီး တိုက်စစ်ပိုင်းအတွက်ကိုတော့ အီဆက်ခ်အပြင် တခြားတိုက်စစ်မှူးတွေကိုလည်း ပစ်မှတ်ထားနေသလို ကွင်းလယ်ပိုင်းအတွက်ကိုလည်း ဂွီမာရေ့စ် အပါအဝင် ဇူဘာမန်ဒီနဲ့ အမာဒူ အိုနာနာတို့ကိုပါ ချိန်ရွယ်နေပါတယ်။