အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာ အီဒူးက လာမယ့် ဘောလုံးရာသီမှာ အသင်းတိုက်စစ်ပိုင်းကို အင်အား မြှင့်တင်သွားဖို့အတွက် တိုက်စစ်ကစားသမား (၁၀)ယောက်အထိ ပစ်မှတ်ထားနေလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဂျေဇူး အန်ကယ်တီယာ ဆာကာ မာတင်နယ်လီ ထရိုဆက်ဒ် နယ်လ်ဆင်နဲ့ ဟာဗက်ဇ်တို့ ရှိလို့နေပေမယ့် လာမယ့်နွေမှာ အန်ကယ်တီယာနဲ့ နယ်လ်ဆင်တို့ကို အသင်းကနေ ရောင်းထုတ်သွားပြီး ကစားသမားသစ်တွေကို ပြန်လည် ဖြည့်တင်းဖို့ ရှိနေပါတယ်။

Photo Credit : TEAMtalk

အာဆင်နယ်ဟာ တိုက်စစ်ပိုင်းမှာ ထိပ်တန်း ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့်လည်း နံပါတ် (၉)နေရာ အထောင်တိုက်စစ်နေရာအတွက်ကိုတော့ အရည်အသွေးမြင့် တိုက်စစ်မှူးသစ်တစ်ဦးခန့်လောက် မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။

ဒီလို အခြေအနေကြောင့် အာဆင်နယ်ရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးက အသင်းတိုက်စစ်ပိုင်းအတွက် နာပိုလီ တိုက်စစ်မှူး အိုဆီမန် ၊ ဘရန့်ဖို့ဒ် တိုက်စစ်မှူး တိုနေး ၊ စပို့တင်း တိုက်စစ်မှူး ရော့ကီယက်စ် ၊ နယူးကာဆယ် တိုက်စစ်မှူး အီဆက်ခ် ၊ ဖီယင်နော့ တိုက်စစ်မှူး ယီမီနက်ဇ် ၊ လေဗာကူဆင် တိုက်စစ်မှူး ဘိုနီဖေ့စ် ၊ ပေါ်တို တိုက်စစ်မှူး ဘရော်ဘီ ၊ ပေါ်တို တိုက်စစ်မှူး အီဗန်နယ်လ်ဆင် နဲ့ လိုက်ပ်ဇစ်က ဆက်စ်ကို အိုပင်ဒါတို့ကို ပစ်မှတ်ထားနေပါတယ်။

Photo Credit : beIN SPORTS

ဒီကစားသမားတွေထဲမှာ အာဆင်နယ်တိုက်စစ်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်တာက ပရီးမီးယားလိဂ် တိုက်စစ်မှူးတွေဖြစ်တဲ့ အိုင်ဗန် တိုနေးနဲ့ အလက်ဆန်းဒါး အီဆက်ခ်တို့ဖြစ်ပြီး တိုနေးကတော့ တန်ကြေး ပိုမို မြင့်မားနိုင်ဖွယ် ရှိနေပါတယ်။

လက်ရှိ တန်ကြေးနဲ့ ကစားအားအရဆိုရင်တော့ လိုက်ပ်ဇစ်အသင်းရဲ့ ဆလိုဗေးနီးယား တိုက်စစ်ကစားသမား ဘင်ဂျမင် ဆက်စ်ကိုဖြစ်ပြီး Daily Mirror ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဆက်စ်ကိုရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း(၅၀)သာ ရှိနေတာဖြစ်လို့ ဒါက အာဆင်နယ်အတွက် အကောင်းဆုံး ခေါ်ယူမှုလည်း ဖြစ်လာနိုင်ပါတယ်။