အာဆင်နယ်အသင်းကတော့ ဒီနွေဈေးကွက်အတွင်းမှာ အသင်းအတွက် ကြီးကြီးမားမား အပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ ရှိနေရာ ယခင် ကွင်းလယ် အတွဲအဖက် နှစ်ဦးဖြစ်သူ ချာကာ နဲ့ ပါတေးတို့ကို ရောင်းချပြီး ဒက်ကလန်ရိုက် နဲ့ ရိုမီရိုလာဗီယာတို့ကို ပြန်လည် ခေါ်ယူဖွယ် ရှိနေပါတယ်။

Romeo Lavia to Arsenal transfer: Talks 'progressing', Declan Rice dream,  £40m City advantage - football.london

Photo Credit : Football London

အသင်းရဲ့ ကွင်းလယ်ပိုင်းကို အပြောင်းအလဲ လုပ်သွားဖို့ ဆန္ဒရှိနေတဲ့ နည်းပြ အာတောက ဝက်စ်ဟမ်း ကွင်းလယ်လူ ရိုက် နဲ့ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဆိုတို့ကို ပစ်မှတ်ထားနေရာ ရိုက်က အာဆင်နယ်ရဲ့ main target ဖြစ်သလို အရ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပေမယ့် ကိုင်စီဒိုကတော့ ဘရိုက်တန်ရဲ့ ခေါ်ဈေး မြင့်မားလွန်းမှုကြောင့် ခေါ်ယူဖို့ လက်လျှော့လိုက်ရပါတယ်။ ကိုင်စီဒိုကို လက်လျှော့လိုက်ချိန်မှာတော့ အသက် (၁၉)နှစ်သာ ရှိသေးတဲ့ မန်စီးတီး ကွင်းလယ်လူဟောင်း လာဗီယာကို စိတ်ဝင်စားလာခဲ့ပြီး ကစားသမားရဲ့ဘက်နဲ့လည်း ဆက်ဆံရေးကောင်းတွေ ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

How Arsenal could line up with Declan Rice and Kai Havertz as transfer  talks continue

Photo Credit : Yahoo Sport

ဒါပေမယ့် လက်ရှိမှာတော့ အာဆင်နယ်က သူတို့ရဲ့ အဓိက ပစ်မှတ်တွေဖြစ်သူ ရိုက် နဲ့ ကိုင်းဟာဗက်ဇ်တို့ကို ခေါ်ယူဖို့သာ ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်ပြီး ကစားသမားနှစ်ယောက်လုံးကလည်း အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ မီးစိမ်းပြထားတဲ့အတွက် သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့သာ ပြောင်းရွှေ့ကြေးပိုင်းကို ဆွေးနွေးနေရတာ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ကစားသမားနှစ်ဦးအတွက် ကမ်းလှမ်းသစ်အသစ်တွေ ထပ်မံ လုပ်ဆောင်သွားဖို့ ရှိနေပြီး တကယ်လို့ ရိုက် ရောက်လာခဲ့မယ်ဆိုရင်တော့ ချာကာ နဲ့ ပါတေးတို့ကိုပါ အသင်းကနေ ရောင်းထုတ်သွားဖို့ ရှိလာနိုင်ပါတယ်။

What Thomas Partey and Granit Xhaka did after Ghana vs Switzerland World  Cup warm-up match - football.london

Photo Credit : Football London

ရိုက် သာ အာဆင်နယ်ကို ရောက်လာမယ်ဆိုရင် ချာကာက လေဗာကူဆင်အသင်းဆီ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပြီး အာဆင်နယ်ကလည်း နောက်ထပ် ကွင်းလယ်လူတစ်ဦးပါ ခေါ်ယူမှာဖြစ်လို့ ပါတေးရဲ့ အနာဂတ်ပါ လှုပ်ခတ်လာနိုင်ပါတယ်။ ဟာဗက်ဇ်ပါ ရောက်လာမယ်ဆိုရင်တော့ အာဆင်နယ်က အသင်းခေါင်းဆောင် အိုဒီဂတ်ကို နံပါတ်(၈)နေရာ ပို့နိုင်တာဖြစ်သလို လာဗီယာကိုလည်း ခေါ်နိုင်မယ်ဆိုရင် ပါတေးအနေနဲ့ အာဆင်နယ်ကနေ ထွက်ခွာသွားသွားဖွယ် ရှိနေပါတယ်။