အာဆင်နယ်အသင်းကတော့ နွေဈေးကွက် မပိတ်ခင်မှာ အသင်းကနေ ညာတောင်ပံကစားသမား ရီးစ် နယ်လ်ဆန် ထွက်ခွာသွားခဲ့မယ်ဆိုရင် တောင်ပံကစားသမားသစ် တစ်ဦး ထပ်မံ ခေါ်ယူဖြည့်တင်းသွားဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။
အာဆင်နယ်အသင်းရဲ့ တောင်ပံမှာ ဘူကာယို ဆာကာ ၊ ဂါဘရီရယ်လ် မာတင်နယ်လီ ၊ လီဟန်ဒရို ထရောဆာ့ဒ်နဲ့ ရီးစ် နယ်လ်ဆန်တို့ ရှိလိုု့နေပြီး လက်ရှိမှာတော့ နယ်လ်ဆန်ကို ဖူလ်ဟမ် အပါအဝင် ကလပ်အသင်း တချို့က ခေါ်ယူသွားဖို့ ကြိုးပမ်းနေကြသလို နယ်လ်ဆန်ကိုယ်တိုင်ကလည်း အာဆင်နယ်မှာ နေရာရဖို့ မလွယ်နိုင်တော့တာကြောင့် အသင်းပြောင်းချင်နေပါတယ်။
Photo Credit : talkSPORT
တကယ်လို့ နယ်လ်ဆန်သာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုရင် ညာတောင်ပံနေရာက ဆာကာ တစ်ဦးတည်းသာ ရှိနေတော့မှာဖြစ်လို့ အာဆင်နယ်အနေနဲ့ ဈေးကွက်မပိတ်ခင်မှာ ညာတောင်ပံအတွက် ကစားသမားသစ်တစ်ဦးကို အရ ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။
လက်ရှိမှာတော့ အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က ဆောက်သမ်တန်အသင်းဆီ အပြီးသတ် ပြောင်းရွှေ့သွားတော့မှာ ဖြစ်တာကြောင့် ရမ်းစ်ဒေးလ်နေရာအတွက် အက်စပန်ညိုက စပိန် ဂိုးသမား ယိုဟန် ဂါဆီယာနဲ့ အစားထိုးသွားဖို့ စီစဉ်ထားပြီး ဒီဂိုးသမားက အာဆင်နယ်အတွက် ဒီနွေမှာ ခေါ်ယူတဲ့ တတိယမြောက် ကစားသမားသစ် ဖြစ်လာပါတော့မယ်။
Photo Credit : TEAMtalk
အာဆင်နယ်က ဒီနွေဈေးကွက်ထဲမှာ ဘိုလော့ဂ်နာအသင်းရဲ့ အီတလီ ခံစစ်ကြယ်ပွင့် ရီကာဒို ကာလာဖီအိုရီနဲ့ ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ စပိန် ကွင်းလယ်ကစားသမား မီခယ်လ် မော်ရီနိုတို့ကို ခေါ်ယူဖြည့်တင်းထားခဲ့ပြီး မနှစ်က ဘရန့်ဖို့ဒ်ကနေ အငှား+အပြီးသတ်နဲ့ ခေါ်ယူထားတဲ့ ဂိုးသမား ဒေးဗစ် ရာယာကိုတော့ အပြီးသတ် ဝယ်ယူလိုက်ပါတယ်။
အခုလည်း အာဆင်နယ်က ရမ်းစ်ဒေးလ်ကို သေချာပေါက် လက်လွတ်ရတော့မှာမို့ သူ့နေရာမှာ အစားထိုးဖို့အတွက် ဂိုးသမားတစ်ဦး ပြန်လည် ခေါ်ယူမှာ ဖြစ်သလို တကယ်လို့ နယ်လ်ဆန်လည်း အသင်းကနေ ထွက်သွားမယ်ဆိုရင် ညာတောင်ပံနေရာမှာ အဓိက ကစားနိုင်တဲ့ winger တစ်ဦးကိုပါ ထပ်မံ ခေါ်ယူသွားနိုင်ပါတယ်။