အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်သော ဆောက်သမ်တန်အသင်းရဲ့ ညာနောက်ခံ ကစားသမား ကိုင်းဝေါ်ကာပီတာစ်ကို လာမယ့် နွေဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

Photo Credit : Football London

အသက် (၂၆)နှစ်အရွယ် full-back ကစားသမား ဝေါ်ကာပီတာစ်ဟာ ၂၀၁၃ခုနှစ်ကတည်းက စပါး လူငယ်အသင်းဆီ ရောက်ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာပဲ စပါး စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရပါတယ်။ (၃)နှစ်တာ ကာလအတွင်း စပါးအတွက် ပြိုင်ပွဲစုံ (၂၄)ပြဲသာ ကစားခဲ့ရတဲ့ ဝေါ်ကာပီတာစ်က ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ဆောက်သမ်တန်အသင်းဆီ အငှားထွက် ကစားခဲ့ရင်း နောက်တစ်ရာသီမှာပဲ ဆောက်သမ်တန်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Sky Sports

ဆောက်သမ်တန်အသင်းမှာ (၃)ရာသီဝက်ခန့်အထိ ပါဝင်ကစားထားခဲ့တဲ့ ဝေါ်ကာပီတာစ်ကို ပြီးခဲ့တဲ့ ရာသီကတည်းက အာဆင်နယ် မန်ယူနိုက်တက်အသင်းတွေရဲ့ စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေနဲ့လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဆောက်သမ်တန်အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်လို့ ဝေါ်ကာပီတာစ်အနေနဲ့ ဆောက်သမ်တန်နဲ့ လက်တွဲဖြုတ်သွားဖွယ် ရှိနိုင်ပြီး ဒီအခြေအနေကို အာဆင်နယ်အသင်းက အကောင်းဆုံး အသုံးချသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဝေါ်ကာပီတာစ်ဟာ ညာခြမ်း ခံစစ်ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဘယ်ခြမ်း ခံစစ်နေရာရော လိုအပ်ရင် ကွင်းလယ်မှာပါ ကစားနိုင်သူ ဖြစ်တဲ့အတွက် အာဆင်နယ်အနေနဲ့ ဒီကစားသမားကို လာမယ့်နွေမှာ အရ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဝေါ်ကာပီတာစ်က ဆောက်သမ်တန်အသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ်အထိ ကျန်ရှိနေသေးပေမယ့် အသင်းရဲ့ လက်ရှိ အခြေအနေကြောင့် ထွက်ခွာခွင့် ပြုရဖွယ် ရှိနိုင်ပြီး ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွေ့ရနိုင်ပါတယ်။