ဒီရက်ပိုင်းအတွင်းမှာ ဆင်ပျံကြီး အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့ သတင်းတွေက ခပ်စိတ်စိတ် ထွက်ပေါ်လျက် ရှိနေပြီး မကြာသေးခင်ကလည်း ကိုင်ဟာဗက်ဇ်အတွက် ပေါင် သန်း(၆၀)နဲ့ တိုးမြှင့် ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လို့အပြီးမှာ အခုလည်း လာဗီလာနဲ့ သတင်းထွက်လာပြန်ပါတယ်။
အာဆင်နယ်နည်းပြ အာတေတာက အသင်း ကွင်းလယ်ပိုင်းအတွက် ဒက်ကလန်ရိုက်စ်ကို မဖြစ်မနေ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေသလို နောက်ထပ် ကွင်းလယ်လူ တစ်ဦးကိုပါ ထပ်မံ အားဖြည့်သွားဖို့ ရှိနေရာ လက်ရှိမှာတော့ ဆောက်သမ်တန်အသင်းရဲ့ ဘယ်လ်ဂျီယံ ဆယ်ကျော်သက် ကစားသမားလေး ရိုမီရိုလာဗီယာက အာဆင်နယ်ရဲ့ အလိုချင်ဆုံး ကွင်းလယ်လူ တစ်ဦး ဖြစ်လာခဲ့ပြန်ပါတယ်။
Photo Credit : The Short Fuse
ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်ဟာ လာဗီလာကို ခေါ်ယူဖို့အတွက် ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ တိုးမြှင့် လုပ်ဆောင်လျက် ရှိနေပြီး ညှိနှိုင်းမှုတွေလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မန်စီးတီး အကယ်ဒမီထွ အသက် (၁၉)နှစ်သာ ရှိနေသေးတဲ့ လာဗီယာကို အာဆင်နယ် ချယ်လ်ဆီး မန်ယူနိုက်တက်တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး လက်ရှိ အခြေအနေအရ အာဆင်နယ် နဲ့ ချယ်လ်ဆီးတို့လောက်ပဲ ကစားသမားဘက်ကို ဆက်သွယ်နေကြကာ တရားဝင် ကမ်းလှမ်းမှုတွေတော့ မရှိသေးပဲ ဖြစ်နေပါတယ်။
Photo Credit : Fabrizio Romano
ပရီးမီးယားလိဂ်ကနေ ချန်ီယံရှစ်ဆီ တန်းဆင်းထားခဲ့ရတဲ့ ဆောက်သမ်တန်အသင်းကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားလေး လာဗီယာအတွက် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးကိုသာ အလိုရှိနေပြီး အနိမ့်ဆုံး ပေါင် သန်း(၄၀)လောက်အထိ တောင်းဆိုဖွယ်လည်း ရှိနေပါတယ်။ လက်ရှိ အခြေအနေတွေအရတော့ အာဆင်နယ်က လာဗီယာကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေရပြီး ဟာဗက်ဇ်ကို ခေါ်ယူလို့အပြီးမှာပဲ လာဗီယာအတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။