ရုရှားကလပ် ဒိုင်နမိုမော်စကိုအသင်းမှာ ပါဝင်ကစားနေတဲ့ ဆယ်ကျော်သက်အရွယ် ရုရှား ကွင်းလယ်ကစားသမားလေး အာဆင်ဇာခါရန်က သူ့အနေနဲ့ နွေဈေးကွက်တုန်းက မပြောင်းရွှေ့ဖြစ်လိုက်ရတဲ့ ချယ်လ်ဆီးအသင်းဆီကို အမှန်တကယ် ပြောင်းရွှေ့ ကစားလိုပါကြောင်း ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၁၉)နှစ်ရွယ်သာ ရှိနေသေးတဲ့ ရုရှားကြယ်ပွင့် ကစားသမားလေး ဇာခါရန်ဟာ ဥရောပထိပ်သီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားသူ ဖြစ်သလို ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ချယ်လ်ဆီးအသင်းဆီ ပေါင်(၁၂.၆)သန်းနဲ့ ပြောင်းရွှေ့ဖို့ပါ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ရုရှားနိုင်ငံရဲ့ အိမ်နီးချင်း ယူကရိန်းန်ိုင်ငံအပေါ် ကျူးကျော်စစ် ဆင်နွဲထားခဲ့တဲ့ အကျိုးဆက်တွေကြောင့် ရုရှားကစားသမားတွေကို အပြောင်းအရွှေ့ ပြုလုပ်ဖို့ FIFA နဲ့ UEFA တို့ဘက်ကနေ ကန့်သတ်မှုတွေ ထုတ်ပြန်ထားခဲ့တဲ့အတွက် ချယ်လ်ဆီးနဲ့ ဇာခါရန်တို့ရဲ့ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ရပါတယ်။

Chelsea are 'refusing to give up' on Russian midfielder Arsen Zakharyan  after blocked £12.6m move | Daily Mail Online

Photo Credit : Daily Mail

ဒီ ရုရှား ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေးကို ချယ်လ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်က သဘောကျခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိ ချယ်လ်ဆီးနည်းပြ ဂရဟမ်ပေါ်တာကပါ စိတ်ဝင်စားနေတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာပဲ တစ်ကျော့ပြန် ထပ်မံ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ချယ်လ်ဆီးနည်းတူ ဇာခါရန်ကိုယ်တိုင်ကပါ ချယ်လ်ဆီးမှာ လာရောက်ကစားဖို့အတွက် စိတ်အားထက်သန်နေကြောင်းကို “ကျွန်တော့်အေးဂျင့်တွေနဲ့ ကျွန်တော့် ကလပ်အသင်းတို့က ချယ်လ်ဆီးအသင်းဆီကနေ တောင်းဆိုမှုတစ်ခု လာနေပြီလို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ကျွန်တော့်ရဲ့ဆန္ဒအရတော့ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ချင်တယ်လို့ တိုက်ရိုက် ပြောဆိုထားခဲ့ပါတယ်။ ကျွန်တော် ကစားရမယ့် နေရာအတွက် မောင့် ဂယ်လာဂါ ဟာဗက်ဇ်တို့နဲ့ အပြိုင်အဆိုင် ဖြစ်နေရမယ်ဆိုတာ ကျွန်တော် သိထားပါတယ်။ ဒါကြောင့် ဥရောပလိဂ်ပြိုင်ပွဲတွေနဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် အငှား ကစားတာမျိုးကို မလုပ်ဆောင်ချင်ပါဘူး။ လက်ရှိမှာတော့ အပြောင်းအရွှေ့ မဖြစ်ပေါ်ခဲ့လို့ ကျွန်တော် စိတ်ဖိစီးနေပါတယ်။ ကျွန်တော် ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဇာခါရန်က သူ့ကို ကလပ်အသင်းများစွာ စိတ်ဝင်စားနေတဲ့အပေါ် ဂုဏ်ယူမိပေမယ့်လည်း သူကိုယ်တိုင်ကတော့ ချယ်လ်ဆီးအသင်းကိုပဲ ရွေးချယ်သွားချင်တယ်လို့ပါ ထပ်လောင်း ပြောဆိုထားခဲ့ပါတယ်။