ဒဏ်ရာကြောင့် အနားယူနေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီဟာ ဒီနေ့ည မန်ချက်စတာဒါဘီ အက်ဖ်အေဖလား ဖိုင်နယ်မှာ ပါဝင်ကစားနိုင်ဖို့ ဖြစ်နိုင်ခြေ အလွန် နည်းပါးတယ်လို့ နည်းပြ အဲရစ်တန်ဟက်ဂ်က ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Antony 'unlikely' to feature in FA Cup final as Man Utd suffer further  setback | The Independent

Photo Credit : The Independent

အသက် (၂၃)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် winger အန်တိုနီက ယူနိုက်တက် နဲ့ ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်မှာ ခြေချင်းဝတ် ဒဏ်ရာကို ရရှိသွားခဲ့ပြီး ကွင်းထဲကနေပါ ထမ်းစင်နဲ့ပါ ခေါ်ထုတ်သွားခဲ့ရပါတယ်။ အန်တိုနီရဲ့ ကနဦး ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး နည်းပြတန်ဟက်ဂ်က ဒဏ်ရာက ပြင်းထန်နိုင်တယ်လို့ ပြောဆိုခဲ့ပေမယ့် ပထမဆုံး စစ်ဆေးချက် အပြီးမှာတော့ ဒဏ်ရာက ဆိုးရွှားဖွယ် မရှိနိုင်တာကြောင့် အက်ဖ်အေဖလား ဖိုင်နယ်ပွဲမှာပါ ပါဝင်ကောင်း ပါဝင်လာနိုင်တယ်လို့ မှတ်ချက်ပြုလာခဲ့ပြန်ပါတယ်။

Antony explains what Erik ten Hag is doing differently at Manchester United  - Manchester Evening News

Photo Credit : Manchester Evening News

ဒါ့အပြင် လက်ရှိ အက်ဖ်အေဖလား ဖိုင်နယ်ပွဲအတွက် သတင်းစာ ရှင်းလင်းပွဲမှာ တန်ဟက်ဂ်က “ဒေါ့ဆန်းတို့စ်(အန်တိုနီ) fit ဖြစ်ဖို့က ဖြစ်နိုင်ခြေ နည်းပါတယ်။ သူ့အတွက် အခွင့်အရေး ရှိသေးပေမယ့် အဲ့ဒီ အခွင့်အရေးက အရမ်းသေးသေးလေးပါ။ သူရဲ့ ဒဏ်ရာ အခြေအနေက တိုးတတ်မှု မရှိဘူး။ ဒါကြောင့် သူ့မှာ အခွင့်အရေးတော့ ရှိသေးပေမယ့် အဲ့ဒီ အခွင့်အရေးကို ရရှိဖို့က မဖြစ်နိုင်ပါဘူး။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ယူနိုက်တက်ရဲ့ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ် ကွင်းလယ်လူတွေဖြစ်တဲ့ မာဆယ်ဆာဘစ်ဇာ ဒွန်နီဗန်ဒယ်ဘိခ် နဲ့ တိုက်စစ်ကစားသမား အန်တိုနီမာရှယ်တို့ကို ဒဏ်ရာကြောင့် ချန်လှပ်ထားရမှာဖြစ်ပြီး မန်စီးတီးကတော့ နောက်ခံလူ အကန်ဂျီ တစ်ယောက်သာ doubtful ဖြစ်နေရပါတယ်။