မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အာမတ် ဒီယဲလ်လိုဟာ သူရဲ့ တရားဝင် အင်စတာဂရမ်နဲ့ တွစ်တာအကောင့်ပေါ်မှာ ရှိနေတဲ့ ယူနိုက်တက်နဲ့ သက်ဆိုင်သမျှ ဓါတ်ပုံတွေအားလုံးကို ရှင်းလင်းလိုက်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

အိုင်ဗရီကို့စ် လက်ရွေးစင် အသက် (၂၁)နှစ်အရွယ် ညာတောင်ပံကစားသမား အာမတ်က မနေ့ကပဲ သူရဲ့ အင်စတာဂရမ်ပေါ်က ယူနိုက်တက်အသင်းနဲ့ သက်ဆိုင်တဲ့ posts တွေအားလုံး ဖျက်ပစ်ထားလိုက်တာကို အံ့အားသင့်စဖွယ် တွေ့ရှိခဲ့ရပါတယ်။

Photo Credit : UtdDistrict

အာမတ်ဟာလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်ကနေ စတင်ပြီး (၃)ပွဲလေးသာ လူစားဝင် ကစားသမားအဖြစ် (၆၃)မိနစ်ဝန်းကျင် ကစားထားခဲ့ရသလို တခြား ကစားသမားတွေ ဒဏ်ရာရနေချိန်မှာတောင် နည်းပြ တန်ဟက်ဂ်ရဲ့ နေရာမပေးမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီလို အခြေအနေတွေကြောင့် အာမတ်အနေနဲ့ သူ့အင်စတာဂရမ်မှာ ယူနိုက်တက်အသင်းနဲ့ သက်ဆိုင်တဲ့ဟာတွေကို ဖျက်ပစ်လိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆခဲ့ပြီး ဒုတိယမြောက် ဂျေဒန် ဆန်ချိုလို ဖြစ်လာတော့မယ်လို့လည်း အားလုံးက ထင်ကြေးပေးခဲ့ကြပါတယ်။

Photo Credit : UtdDistrict

ဒါပေမယ့် အာမတ်ကတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး “ကျွန်တော် ရာမဒန်ကာလ(အစ္စလာမ်ဘာသာဝင်များရဲ့ဥပုသ်ကာလ)ကို အာရုံစိုက်ထားချင်တဲ့အတွက်ကြောင့်သာ ကျွန်တော်ရဲ့ လူမူကွန်ယက်ကို တစ်လတိတိ deactivated လုပ်ဆောင်ခဲ့တာပါ။”

“အမုန်းတရားတွေကို ရပ်တန့်လိုက်ပါ။ ကျွန်တော် လုပ်ခဲ့တဲ့အထဲမှာ ဘာမှာ အမှားပါမနေဘူး။ ဒီလတစ်လက ကျွန်တော့်အတွက် လကောင်းလမြတ် တစ်လလည်း ဖြစ်နေတဲ့အပြင် ဒီလိုလမျိုးမှာ ဆိုရှယ်မီဒီယာပေါ်က မကောင်းတဲ့အရာတွေကို မမြင်မတွေ့ရအောင်လို့သာ ငါအခုလို လုပ်ခဲ့တာ။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။