အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ မန်ချက်စတာစီးတီး တိုက်စစ်ကစားသမားလေး ယူလီယန်အဲလ်ဗာရက်ဇ်ဟာ ဘောလုံးသမိုင်းမှာ ဘယ်ကစားသမားမှ မရယူဖူးနိုင်သေးတဲ့ စံချိန်ကြီးတစ်ခုကို ရယူနိုင်မယ့် ပထမဆုံးသော ကစားသမား ဖြစ်လာဖို့ အခြေအနေ ကောင်းနေရပါတယ်။

Alvarez won the World Cup with Argentina in December with a European Treble now possible

Photo Credit : Daily Mail

အဲလ်ဗာရက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့် ရရှိခဲ့သလို အသင်းနဲ့ပါ ကမ္ဘာ့ချန်ပီယံပါ ဖြစ်ခဲ့ရပါသေးတယ်။ ဒါ့အပြင် လက်ရှိမှာ အဲလ်ဗာရက်ဇ်ဟာ သူရဲ့ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့ကိုပါ ဆွတ်ခူးနိုင်ဖို့ကလည်း လက်တစ်ကမ်းအကွာလောက်သာ လိုနေပါတော့တယ်။

Julian Alvarez is on course to make history as he chases down four major trophies this season

Photo Credit : Daily Mail

တကယ်လို့သာ အဲလ်ဗာရက်ဇ်အနေနဲ့ စီးတီးနဲ့အတူ ဖလား(၃)လုံး အောင်မြင်မှုပါ ပိုင်ဆိုင်နိုင်ရမယ်ဆိုရင်တော့ ဘောလုံးရာသီ တစ်ရာသီအတွင်းမှာပဲ ကမ္ဘာ့ဖလားရော ကလပ်အသင်းနဲ့ ဖလား(၃)လုံးပါ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ပထမဆုံး ဘောလုံးသမားတစ်ဦးအဖြစ် စံချိန်တင်သွားနိုင်မှာ ဖြစ်ပါတယ်။ တစ်ရာသီအတွင်းမှာပဲ ကမ္ဘာ့ဖလားရော ချန်ပီယံလိဂ်ဖလားကိုပါ ပူးတွဲ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားတွေ (၁၁)ဦးလောက် ရှိခဲ့ကြပေမယ့်လည်း လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားဆုကြီးရော ကလပ်အသင်းနဲ့ ဖလား(၃)လုံးပါ ရယူနိုင်ခဲ့ဖူးတဲ့ ကစားသမားကတော့ ဘယ်သူမှကို မရှိသေးပဲ ဒါကို အဲလ်ဗာရက်ဇ် နဲ့ သူရဲ့ မန်စီးတီးအသင်းတို့ လုပ်ဆောင်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

ဒီရာသီမှ မန်စီးတီးနဲ့ စတင် ပူးပေါင်းခွင့် ရရှိခဲ့သူ အဲလ်ဗာရက်ဇ်ဟာ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တောင်အမေရိက ကြယ်ပွင့်လေးတစ်ဦးဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် (၁၆)ဂိုး သွင်းယူထားသလို (၅)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။