လေဗာကူဆင်အသင်းရဲ့ အမှုဆောင်အရာရှိချုပ် စီးအီးအို ဖာနန်ဒို ကာရိုကတော့ အသင်းနည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုဟာ တစ်နေ့နေ့မှာတော့ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ နည်းပြတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

စပိန်လက်ရွေးစင် ဘောလုံးသမားဟောင်းကြီး အလွန်ဆိုဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးနောက်ပိုင်း ရီးယဲလ် ယူ-၁၄အသင်းနည်းပြအဖြစ် စတင် ဆောင်ရွှက်ခဲ့သလို အဲ့ဒီကမှ ဆိုစီဒက် အရန်အသင်းကိုပါ ဆက်လက် ကိုင်တွယ်ခဲ့ပါတယ်။

Photo Credit : Liverpool Echo

၂၀၂၂ခုနှစ်မှာတော့ လေဗာကူဆင်အသင်းကို ပြောင်းလဲ ကိုင်တွယ်ခွင့် ရရှိခဲ့ပြီး အသင်းကိုလည်း တန်းဆင်းဇုန်ထဲကနေ ဆွဲတင်ပေးခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း လေဗာကူဆင်တို့ တစ်ကြိမ်တစ်ခါမှ မတက်လှမ်းဖူးတဲ့ ဆီမီးဖိုင်နယ်အဆင့်ထိကိုပါ ပို့ဆောင်ပေးနိုင်ခဲ့ပါသေးတယ်။

အသင်းကို စတင် ကိုင်တွယ်ကတည်းက စွမ်းဆောင်မှုကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ အလွန်ဆိုက ဒီရာသီမှာတော့ အသင်းကို လက်ရှိအချိန်ထိ လုံးဝ ရှုံးပွဲမရှိအောင်ပါ လုပ်ဆောင်ထားတဲ့အပြင် အသင်းသမိုင်းမှာ တစ်ကြိမ်မှ မပိုင်ဆိုင်ဖူးသေးတဲ့ ဘွန်ဒက်စ်လီဂါဖလားကိုပါ ရယူပေးထားခဲ့ပါတယ်။

Photo Credit : Sky Sports

ဆက်လက်ပြီး အလွန်ဆိုအနေနဲ့ ဒီရာသီမှာ ဘွန်ဒက်စ်လီဂါဖလားအပြင် ဂျာမန်ပိုကယ်ဖလားနဲ့ ယူရိုပါလိဂ်ဖလား ဖလား(၃)လုံးကိုပါ ယူဆောင်ပေးဖို့ အလားအလာကောင်းနေသေးပြီး ရှုံးပွဲမရှိ ချန်ပီယံအဖြစ်နဲ့ပါ ရပ်တည်နိုင်ဖို့လည်း အခြေအနေ အရမ်းကောင်းနေရပါတယ်။

ဒီလို အသင်းအတွက် အထူးခြားဆုံး စွမ်းဆောင်ပေးထားနိုင်တဲ့ အလွန်ဆိုဟာ တစ်နေ့မှာတော့ သူ ကစားသမားဘဝတုန်းက ပါဝင်ခဲ့ဖူးတဲ့ ရီယဲလ်အသင်းဆီကို အသင်းနည်းပြအဖြစ် ပြန်သွားနိုင်ဖွယ် ရှိကြောင်း လေဗာကူဆင် စီးအီးအိုက ခန့်မှန်းလိုက်ပြီး အလွန်ဆိုကလည်း လာမယ့် ၂၀၂၅မှာ ရီးယဲလ်အသင်းနဲ့ လက်တွဲသွားနိုင်ခြေ ရှိနေရပါတယ်။