ဒီစျေးကွက်အတွင်းမှာ ရူဘင်နေးဗက်စ် ကာလီဒိုကူလီဘာလီတို့လို ပရီးမီးယားလိဂ် ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားတဲ့ ဆော်ဒီစူပါလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူထားပြီးနောက်မှာ နည်းပြနေရာအတွက် ဂျုဗင်တပ်စ် နည်းပြ မက်စ်အယ်လီဂရီကိုပါ ချဥ်းကပ်ခဲ့ပါသေးတယ်။

Juventus' Allegri tempted by lucrative Al Hilal offer - Football Italia

Photo Credit : Football Italia

ဆော်ဒီကလပ်အသင်းတွေကတော့ နွေဈေးထွက်ထဲမှာ free agent players တွေတင်မကပဲ သက်ဆိုင်ရာ အသင်းတွေနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမားတွေကိုပါ ပြောင်းရွှေ့ကြေး အသုံးပြုပြီး ကမ်းလှမ်းလာသလို နာမည်ကျော် နည်းပြတွေကိုလည်း ပစ်မှတ်ထားလာခဲ့ပါတယ်။ အခုလည်း နေးဗက်စ် ကူလီဘာလီတို့ကို ခေါ်ယူထားတဲ့ အယ်လ်ဟီလယ်က ဂျုဗင်တပ်ရဲ့ အီတလီလူမျိုး နည်းပြ အယ်လီဂရီကိုပါ ကမ်းလှမ်းမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါသေးတယ်။

Massimiliano Allegri to be offered 'monster' quadruple-your-money €28m salary to move to Saudi Arabia despite disastrous campaign with Juventus | Goal.com US

Photo Credit : Goal

ခရစ္စတီယာနိုရော်နယ်လ်ဒို ရှိရာ အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ ပစ်မှတ် ဖြစ်နေသူ ဂျုဗင်နည်းပြ အယ်လီဂရီကို လက်ရှိမှာတော့ အယ်လ်ဟီလယ် တစ်သင်းတည်းက ကမ်းလှမ်းမှုတွေ ပြုလုပ်နေတာဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို သန်း(၂၀)နဲ့ ၂၀၂၅ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းထားမှုကိုတော့ အယ်လီဂရီဘက်က ပယ်ချထားခဲ့ပါတယ်။ ကနဦး ကမ်းလှမ်းချက် ပယ်ချထားခံရပေမယ့်လည်း လာမယ့် ရက်ပိုင်းအတွင်းမှာပဲ နောက်ထပ် ထပ်တိုး ကမ်းလှမ်းမှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

အယ်လီဂရီ ကိုယ်တိုင်ကတော့ ဆော်ဒီကိုသွားပြီး အယ်လ်ဟီလယ်အသင်းရဲ့ နည်းပြအဖြစ် လုပ်ဆောင်သွားဖို့ထက် လက်ရှိကလပ် ဂျုဗင်တပ်စ်အသင်းအတွက်ကိုသာ အာရုံစိုက်ထားလျက် ရှိနေပြီး ထပ်မံ ရောက်ရှိလာမယ့် ကမ်းလှမ်းချက်တွေကို ဆက်လက် ငြင်းပယ်သွားဖို့သာ ရှိနေပါတယ်။