ဆော်ဒီပရိုလိဂ်ရဲ့ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ ဂျုဗင်တပ်စ်အသင်းရဲ့ ပိုလန် ဂိုးသမား ဆက်ဇနီကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။

အယ်လ်နာဆာအသင်းက ဒီနွေဈေးျကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူဖြည့်တင်းမှုတွေ အမြောက်အများ လုပ်ဆောင်သွားဖို့ ရှိနေပြီး အသင်းက နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဆာဒီယို မာနေး ၊ တာလီစကာ ၊ လာပေါ့တ်နဲ့ အော့စ်ပီနာတို့ကိုပါ အသင်းကနေ ရှင်းထုတ်သွားဖို့ပါ စီစဉ်ထားပါသေးတယ်။

Photo Credit : Arab News

အသက် (၃၅)နှစ်အရွယ် ရှိနေပြှဖြစ်တဲ့ ကိုလံဘီယာ ဂိုးသမားကြီး အော့စ်ပီနာဟာ ၂၀၂၂ခုနှစ်ကတည်းက အယ်လ်နာဆာအသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အယ်လ်နာဆာကို မရောက်ခင်ကတော့ အာဆင်နယ်နဲ့ နာပိုလီအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၉)ပွဲအထိ ပါဝင်ကစားခဲ့တဲ့ ဂိုးသမားကြီး အော့စ်ပီနာဟာ အခုတော့ အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးရတော့မှာဖြစ်ပြီး အယ်လ်နာဆာကလည်း အော့စ်ပီနာ နေရာအတွက် ဂိုးသမားတစ်ဦးနဲ့ အစားထိုးသွားဖို့ အသေအချာကို စီစဉ်နေပြီ ဖြစ်ပါတယ်။

Photo Credit : Eurosport

ကနဦးပ်ိုင်းမှာတော့ အယ်လ်နာဆာက ပရီးမီးယားလိဂ်က ထိပ်တန်း ဘရာဇီးလ် ဂိုးသမားတွေဖြစ်တဲ့ အီဒါဆန်နဲ့ အယ်လီဆန်တို့ကို ကြိုးပမ်းခဲ့ပေမယ့်လည်း အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် အခု အော့စ်ပီနာလိုပဲ အာဆင်နယ် ဂိုးသမားဟောင်းတစ်ဦးဖြစ်သူ လက်ရှိ ဂျုဗင်တပ်စ် ဂိုးသမား ဆက်ဇနီကိုသာ ပြောင်းလဲ ကြိုးပမ်းလာခဲ့ပြီး ဒီတစ်ခေါက်တော့ အဆင်ပြေမှုတွေ ရှိလာခဲ့ပါတယ်။

အသက် (၃၄)နှစ်အရွယ် ပိုလန် ဂိုးသမားကြီး ဆက်ဇနီဟာ လက်ရှိမှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း (၁)နှစ်တည်းသာ ကျန်ရှိနေတော့ပြီး ဂျုဗင်တပ်စ်ကလည်း ဆက်ဇနီကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေတဲ့အတွက် အယ်လ်နာဆာဘက်က ဒီဂိုးသမားကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ရင်း အခုဆို ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။