ဒီနွေမှာ အတော်လေးကို ကစားသမား ခေါ်ယူမှုတွေ ရှယ်ကြမ်းနေတဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ လာဇီယိုရဲ့ ဆာဘီးယား ကြယ်ပွင့် မီလင်ကိုဗစ် ဆာဗစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့အပြီး အခုလည်း ဘာနာဒို ဆေးလ်ဗားအတွက် မန်စီးတီးအသင်းထံကို ယူရို သန်း (၇၀)နဲ့ ကမ်းလှမ်းသွားဖို့ပါ စီစဉ်လာခဲ့တယ်လို့ CBS Sports ကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Goal
အယ်လ်ဟီလယ်အသင်းက ဒီဈေးကွက်ထဲမှာ ချယ်လ်ဆီး နောက်ခံလူ ကူလီဘလီ နဲ့ ဝုလ်ဗ် ကွင်းလယ်လူ နေးဗက်စ်တို့ကို ခေါ်ယူထားနိုင်တဲ့ ဆော်ဒီ ထိပ်တန်း ကလပ်အသင်းဖြစ်ပြီး အခုလည်း ဥရောပ ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်သူ မီလင်ကိုဗစ်ကိုပါ ထပ်မံ ခေါ်ယူနိုင်တော့မှာ ဖြစ်တဲ့အပြင် မန်စီးတီးနဲ့ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားကိုလည်း ဆက်လက် ကြိုးပမ်းလာခဲ့ပါတယ်။ အယ်လ်ဟီလယ်က တခြားသော ဆော်ဒီ ကလပ်အသင်းတွေနဲ့မတူပဲ သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးသော နာမည်ကျော် ကစားသမားတွေကိုသာ ပြောင်းရွှေ့ကြေး အသုံးပြုပြီး ခေါ်ယူနေတာ ဖြစ်ပါတယ်။
Photo Credit : The Times
လက်ရှိမှာလည်း အယ်လ်ဟီလယ်က မီလင်ကိုဗစ် လူကာကူ နဲ့ ဆေးလ်ဗားတို့ကို ဆက်တိုက် ကြိုးပမ်းလျက် ရှိနေပြီး ပေါ်တူဂီ လက်ရွေးစင် ဆေးလ်ဗားအတွက်ကိုလည်း ဆေးလ်ဗားရဲ့ ကလပ် မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို သန်း (၇၀)နဲ့ ကမ်းလှမ်းသွားကာ ကစားသမားကိုလည်း တစ်နှစ်လုပ်ခအဖြစ် ယူရို သန်း (၅၀)အထိပါ ပေးချေသွားဖို့ ရှိနေပါတယ်။ အသက် (၂၈)နှစ်အရွယ် ကွင်းလယ် ကစားသမား ဆေးလ်ဗားဟာ ဒီနွေမှာ မန်စီးတီးကနေ ထွက်ခွာသွားဖွယ် ရှိနေပြီး သူ့ကို အယ်လ်ဟီလယ်အသင်းလိုပဲ ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူသွားချင်နေသလို ပီအက်စ်ဂျီက အသင်းပရိသတ်တွေ ဘာပေ situation ကြောင့် ခေါင်းခြောက်နေချိန်မှာ ဆေးလ်ဗားကို အသင်းဆီ ယူရို သန်း (၈၀)နဲ့ ခေါ်ယူပေးသွားဖို့ စီစဉ်လာနိုင်တယ်ဆိုပြီး Marca သတင်းစာက ဖော်ပြထားခဲ့ပါတယ်။