အေဂျက်စ်အသင်းရဲ့ ဂါနာ ကွင်းလယ်ကစားသမား မိုဟာမက်ကူဒက်စ်က သူရဲ့ ဆရာသမားဟောင်း အဲရစ်တန်ဟက်ဂ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ လက်တွဲရရှိနိုင်ဖို့ မျှော်လင့်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၂၂)နှစ်သာ ရှိသေးတဲ့ ဂါနာ လက်ရွေးစင် ကစားသမား ကူဒက်စ်ကို အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်က ဒိန်းမတ်ကလပ် နော့ဂျယ်လန်းအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး မယုံနိုင်လောက်စရာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားလို့ပါ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ် နေရာအပြင် ကွင်းလယ်ဗဟိုနဲ့ လိုအပ်ရင် တိုက်စစ်နေရာအထိပါ ကစားတတ်သူ ကူဒက်စ်ဟာ ဒီရာသီမှာတော့ အေဂျက်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၂)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၁၆)ဂိုး သွင်းယူထားသလို (၃)ဂိုးလည်း ဖန်တီးနိုင်ခဲ့ပါတယ်။

Photo Credit : The Analyst

ကူဒက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဂါနာအတွက် ခြေစွမ်းတွေ ပြသသွားခဲ့သလို တောင်ကိုရီးယားနဲ့ပွဲမှာလည်း သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာလည်း ခြေစွမ်းပိုင်း ပိုမို ထက်မြက်လာခဲ့တဲ့ ကူဒက်စ်ကို ဥရောပ ကလပ်အသင်းတွေနဲ့ ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး ကူဒက်စ် ဆရာဟောင်း ကိုင်တွယ်နေတဲ့ မန်ယူနိုက်တက်အသင်းပါ ကူဒက်စ်ကို စောင့်ကြည့်လာခဲ့ပါတယ်။ တန်ဟက်ဂ်အနေနဲ့ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ကိုင်တွယ်စဉ်က အသင်းက အန်တိုနီနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကို တစ်ပါတည်း ခေါ်ဆောင်သွားခဲ့တာဖြစ်လို့ ကူဒက်စ်ကလည်း သူ့ကိုပါ ယူနိုက်တက်ဆီ ခေါ်ဆောင်ဖို့နဲ့ ဆရာဟောင်းနဲ့ ပြန်လည် လက်တွဲဖို့ မျှော်လင့်လာခဲ့တာ ဖြစ်ပါတယ်။

Kudus nets eighth goal of the season, Bassey stars as Ajax Amsterdam put  Excelsior to the sword | Goal.com Ghana

Photo Credit : Goal

အေဂျက်စ်အသင်းက ဒီရာသီမှာ ကူဒက်စ်ကို RW CF AM မတူညီတဲ့ နေရာအစုံမှာ အသုံးပြုစေခဲ့ပြီး ချန်ပီယံလိဂ်မှာ CF အဖြစ် အသုံးပြုခဲ့တဲ့ ပွဲစဉ်တိုင်းလိုလို သွင်းဂိုး ရယူနိုင်ခဲ့သလို နောက်ပိုင်းပွဲတွေမှာ RW ပြောင်းကစားတော့လည်း ဂိုးတွေ ထပ်မံ သွင်းယူလာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီလို နေရာစုံ ကစားနိုင်တဲ့ ကူဒက်စ်ကို တန်ဟက်ဂ်က လာမဲ့ နွေမှာ ယူနိုက်တက်ဆီ ခေါ်ဆောင်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။