စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းက ချယ်လ်ဆီးအသင်းမှာ ကစားသမားဘဝ အနာဂတ် မရေရာတော့တဲ့ အမေရိကန် တိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်ကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ စတင် လုပ်ဆောင်နေပြီလို့ သိရပါတယ်။

AC Milan have 'already begun negotiations' for Chelsea's out-of-favour  USMNT star Christian Pulisic | Daily Mail Online

Photo Credit : Daily Mail

အသက်(၂၄)နှစ်အရွယ်ရှိ အမေရိကန်လက်ရွေးစင် တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ပူလီဆစ်ဟာ ဒေါ့မွန်အသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၉ခုနှစ်မှာပဲ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွေ့လာခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ကစားသမားဘဝရဲ့ အနိမ့်အမြင့် အတတ်အကျတွေနဲ့ ဖြတ်သန်းနေရတဲ့ ပူလီဆစ်ဟာ အခုလည်း ဒူးဒဏ်ရာပြသာနာကြောင့် အနားယူနေရချိန်မှာ ချယ်လ်ဆီးဘက်က မာဒရစ်ခ် ဂျာအိုဖီးလစ်တို့ကို ခေါ်ယူထားတဲ့အပြင် လာမယ့်နွေအတွက်ကိုပါ အန်ကွန်ကူကို ခေါ်ယူထားတာကြောင့် ပူလီဆစ်အနေနဲ့ ဒဏ်ရာကနေ ပြန်လည် သက်သာလာမယ်ဆိုရင်တောင် အသင်းမှာ နေရာရဖို့ မလွယ်ကူတော့တာကြောင့် ပူလီဆစ်ကို အေစီမီလန်ဘက်က စတင် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

မီလန်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ အမေရိကန်ကြယ်ပွင့် ပူလီဆစ်ကို အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် ညှိနှိုင်းမှုတွေ စတင်နေပြီလို့ စပိန်သတင်းစာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။ လက်ရှိက ပူလီဆစ်ဟာ ဒဏ်ရာ ပြသာနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ မီလန်အနေနဲ့ ပူလီဆစ်ကို ခေါ်ယူမယ်ဆိုရင်တောင် အခု ဆောင်းဈေးကွက်အတွင်းမှာ ခေါ်ယူဖွယ် မရှိသေးပဲ လာမယ့် နွေမှသာ ခေါ်ယူသွားဖွယ်လည်း ရှိနိုင်ပါတယ်။ ချယ်လ်ဆီးကတော့ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဟာဗက်ဇ် မာဒရစ်ခ် စတာလင်နဲ့ လာမယ့်နွေမှာ အသင်းဆီ ပူးပေါင်းလာနိုင်တော့မယ့် အန်ကွန်ကူတို့က ပိုမို နေရာရလာနိုင်တာကြောင့် ပူလီဆစ်အနေနဲ့ ချယ်လ်ဆီးမှာ နေရာပျောက်ဖို့က သေချာသလောက်ကို ဖြစ်နေရပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာ ကစားသမားကိုယ်တိုင်ကလည်း သူရဲ့ ပုံမှန်ကစားခွင့်အတွက် ချယ်လ်ဆီးကို စွန့်ခွာဖို့ စဉ်းစားလာနိုင်သလို ကစားသမားတွေကို မနည်းမနော ခေါ်ယူထားတဲ့ ချယ်လ်ဆီးကလည်း အသင်းက ကစားသမားတချို့ကိုပါ ပြန်လည် ရောင်းထုတ်ဖို့ လိုအပ်လာတာကြောင့် ပူလီဆစ်ကို ရောင်းချဖို့ စီစဉ်လာနိုင်ပါတယ်။ လက်ရှိမှာ မီလန်က ပူလီဆစ်ကိုသာမကပဲ ပူလီဆစ်ရဲ့ ချယ်လ်ဆီးအသင်းဖော် ကွင်းလယ်လူ လော့တပ်ချိဖ်ကိုပါ စိတ်ဝင်စားလို့နေပါတယ်။