လီဂူးကလပ် နိုက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးက သူ့အနေနဲ့ အသင်းလက်မဲ့ ဖြစ်နေချိန် ပြင်သစ်လိဂ်ကလပ်အသင်းဖြစ်တဲ့ နိုက်စ်အသင်းဆီ မပြောင်းရွှေ့ခင် သူရဲ့ယခင်ကလပ်အသင်းဖြစ်တဲ့ အာဆင်နယ်မှာ တွဲဖက်ကစားခဲ့ဖူးတဲ့ ပြင်သစ်ကစားသမားတွေဆီကနေ ပြင်သစ်လိဂ်ပြိုင်ပွဲရဲ့ အကြောင်းတွေကို လေ့လာသိရှိခွင့် ရရှိခဲ့တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Ramsey netted on his Ligue 1 debut just ONE MINUTE after coming off the bench

Photo Credit : The Sun

အသက်(၃၁)နှစ်အရွယ်ရှိ ဝေးလ်စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ရမ်ဆေးဟာ ဂျုဗင်တပ်စ်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ နိုက်စ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ကစားသမားဘဝအတွင်း ကာဒစ် အာဆင်နယ် နော်တင်ဟမ်ဖောရက်စ် ဂျုဗင်တပ်စ်နဲ့ ရိန်းဂျားစ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာတော့ ဆယ်စုနှစ်တစ်ခုလောက်အထိ အချိန်ကြာမြင့်စွာ ပါဝင်ခဲ့ပြီး ပွဲပေါင်း (၃၆၉)ပွဲ ကစားပေးနိုင်ခဲ့ပါတယ်။

The former Arsenal man made the perfect start to life in France

Photo Credit : The Sun

လက်ရှိမှာတော့ ရမ်ဆေးဟာ သူ့ကို free transfer နဲ့ ခေါ်ယူခဲ့တဲ့ နိုက်စ်အသင်းအတွက် စတင် ပါဝင်နေရပြီဖြစ်ပြီး သူရဲ့ ပထမဆုံးသော လီဂူးပွဲစဉ်မှာပဲ ပွဲကစားခွင့်ရပြီးနောက် တစ်မိနစ်အကြာမှာပဲ သွင်းဂိုးတစ်ဂိုးကို စတင် သွင်းယူနိုင်ခဲ့ပါသေးတယ်။ အခုလို နိုက်စ်အသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိခဲ့တဲ့အပေါ် ရမ်ဆေးက “အာဆင်နယ်မှာ ရှိစဉ်တုန်းက ကစားသမား တော်တော်များများနဲ့ စကားပြောဖူးပါတယ်။ ပြင်သစ်လိဂ်ပြိုင်ပွဲမှာ အတွေ့အကြုံတွေ ရှိနေကြတဲ့ ပြင်သစ်ကစားသမားတွေနဲ့လည်း အတူ တွဲကစားခဲ့ရတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ သူတို့တွေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူတို့တွေက ဒီလိဂ်က ဘယ်လောက်ကောင်းသလဲဆိုတာနဲ့ နည်းစနစ်ပိုင်းအကြောင်းတွေနဲ့ ပတ်သက်ပြီး အများကြီး ပြောပြခဲ့ပါတယ်။ သူတို့က ကလပ်အသင်းရဲ့ သမိုင်းကြောင်းတွေကိုပါ ပြောပြပြီး အဲ့ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ အရင်တုန်းက ဒီမှာ ကစားခဲ့ဖူးတဲ့ ကစားသမားကောင်းတချို့ကို ကျွန်တော် သိထားပါတယ်။ ကလပ်အသင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူတို့ ကြိုးစားကြည့်ချင်နေတဲ့ ပရောဂျက် ကျွန်တော့်အတွက် ဒီကို ရောက်လာဖို့ အရမ်းဖိတ်ခေါ်နေသလိုပါပဲ။ အဲ့ဒီအတွက်လည်း ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ပါဝင်ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။