ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီနွေမှာ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ဂါလာတာစာရေးအသင်းဆီ လက်လွတ်ထားရသလို မူဆီအာလာကလည်း ဒဏ်ရာဆိုးကြီး ရထားတာကြောင့် ဒီကစားသမားတွေ နေရာမှာ အစားထိုးဖို့အတွက် ထိပ်တန်းကစားသမားကောင်းတွေကို ပစ်မှတ်ထားနေပြီး လီဗာပူးလ် တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ကိုတော့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
ဘိုင်ယန်က ဒီနွေဈေးကွက်ထဲ ဆာနေးကို ရောင်းချထားတဲ့အပြင် နောက်ထပ် တောင်ပံကစားသမားဖြစ်သူ ကင်စလေ ကိုးမန်းကိုလည်း ရောင်းထုတ်ဖို့ ရှိနေတာကြောင့် ဒီကစားသမားတွေ နေရာအတွက် နီကို ဝီလီယံစ် ၊ မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ လူးဝစ် ဒီယက်ဇ်တို့ကို ချိန်ရွယ်ခဲ့ပြီး ဝီလီယံစ်က ဘီလ်ဘာအိုမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သလို ရပ်ရှ်ဖို့ဒ်ကလည်း ဘာစီလိုနာအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ပါတော့မယ်။
Photo Credit : Sempre Barca
လီဗာပူးလ်အသင်းကလည်း ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ကို အသင်းကနေ ရောင်းချဖို့ ဆန္ဒမရှိဘဲ အသင်းမှာသာ ဆက်ထိန်းထားချင်နေပေမယ့် ကစားသမားဖြစ်သူကတော့ အခုဈေးကွက်မှာ အသင်းကနေ ထွက်ခွာချင်နေပါတယ်။ တကယ်လို့ ဒီယက်ဇ်ကို မဖြစ်မနေ ရောင်းချရမယ်ဆိုရင် လီဗာပူးလ်အနေနဲ့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး အမြောက်အများနဲ့ ကမ်းလှမ်းလာမှသာ လက်လွတ်ဖွယ် ရှိနိုင်ပါတယ်။
ဘိုင်ယန်အနေနဲ့ သူတို့ရဲ့ main target ဒီယက်ဇ်ကို အမှန်အကန် အလိုရှိနေပေမယ့် ဒီယက်ဇ်အပြင် လိုင်ယွန်က လူငယ်တောင်ပံကစားသမားလေး မာလစ်ခ် ဖိုဖာနာနဲ့ အာဆင်နယ်က တိုက်စစ်ကစားသမား လီအန်ဒရို ထရော့ဆက်တို့ကိုပါ ပစ်မှတ်ထားနေပါတယ်။
Photo Credit : GiveMeSport
အသက်(၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမား ထရော့ဆက်ဟာ ဘယ်တောင်ပံနေရာမှာ အဓိက ကစားသူဖြစ်သလို နောက်ချန်တိုက်စစ်အဖြစ်ရော တိုက်စစ်မှူးအဖြစ်နဲ့ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။ ထရော့ဆက်က လက်ရှိမှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့လို့ သူရဲ့ အနာဂတ် အခြေအနေတွေက အတော်လေး လှုပ်ခတ်နေရပါတယ်။
အာဆင်နယ်ကတော့ ဘရိုက်တန်ကနေ ခေါ်ယူထားတဲ့ ထရော့ဆက်ကို အလွတ်နဲ့ မဆုံးရှုံးချင်တဲ့အတွက် စာချုပ်သစ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပြီး ဘိုင်ယန်ကလည်း ထရော့ဆက် အာဆင်နယ်အသင်းမှာ ရရှိနေတဲ့ လုပ်ခလစာထက် ပိုမို မြင့်မားတဲ့ ပမာဏမျိုးနဲ့ ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်ထားတယ်လို့ ဂျာမနီနာမည်ကြီး Sport Blid ကနေ ဖော်ပြထားပါတယ်။