မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီးဖြစ်သူ ရီယို ဖာဒီနန်ဟာ သူ့ရဲ့အသင်းဟောင်း မန်ယူနိုက်တက်အနေနဲ့ အထောင်တိုက်စစ်နေရာအတွက် ဗစ်တာ ယိုကာရက်စ်အစား ဗစ်တာ အိုဆီမန်ကိုသာ ခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။
Mirror Sport နဲ့ အင်တာဗျူးမှာ ဖာဒီနန်က နိုင်ဂျီးရီးယားသား အသက် ၂၆ နှစ်အရွယ် အိုဆီမန်ဟာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း အားနည်းမှုကို ဖြေရှင်းပေးနိုင်မယ့် ကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ ဖာဒီနန်ရဲ့ အဆိုအရ အိုဆီမန်ရဲ့ ပြင်သစ် အီတလီနဲ့ တူရကီလိဂ်တွေမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်က သူ့ကို ပိုမိုသက်သေပြနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်စေခဲ့ပါတယ်။ နာပိုလီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီကို ဂါလာတာဆာရေးမှာ ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၃၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးသွင်းနှုန်းကတော့ ၂၀၂၄-၂၅ ရာသီမှာ အတွေ့အကြုံနည်းပါးတဲ့ ရတ်စ်မတ်စ် ဟွိုင်လန်းနဲ့ ဂျိုရှုအာ ဇာ့ခ်ဇီးတို့နှစ်ဦးပေါင်း သွင်းယူခဲ့တဲ့ လိဂ် ၇ ဂိုးထက် အများကြီး သာလွန်နေပါတယ်။
Photo Credit : talkSPORT
ယူနိုက်တက်ဟာ အိုဆီမန်ကို ပြန်လည် စိတ်ဝင်စားလာခဲ့ပေမယ့် ယိုကာရက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ အပြိုင်ဖြစ်နေတယ်လို့ ယူဆရပါတယ်။ ဆွီဒင်တိုက်စစ်မှူးမှာ ပေါင် ၈၅ သန်း လျော်ကြေးရှိတယ်လို့ သတင်းထွက်ပေါ်နေပြီး နာပိုလီရဲ့ အိုဆီမန်အတွက် ပေါင် ၆၃ သန်း တန်ကြေးကိုတော့ အယ်လ်ဟီလာက ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ဂျီးရီးယားသားကတော့ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းမရှိဘဲ ယူနိုက်တက်အတွက် လမ်းဖွင့်ပေးခဲ့ပါတယ်။
ဖာဒီနန်က “မန်ယူနိုက်တက်မှာ အတွေ့အကြုံရှိတဲ့ အထောင်တိုက်စစ်မှူးတစ်ဦး လိုအပ်နေပါတယ်။ ဒါပါပဲ။ ယူနိုက်တက်ဟာ ကစားသမားများစွာကို ခေါ်ယူနိုင်ပြီး အများကြီးရနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ ဟွိုင်လန်းက အများကြီးပေးပြီး ရောက်လာခဲ့ပေမယ့် ချက်ချင်းခြေစွမ်းမပြနိုင်ဘဲ အမှန်တကယ် ရုန်းကန်ခဲ့ရတာ သိသာပါတယ်။ ဇာ့ခ်ဇီးလည်း သူ့ထက် သိပ်မသာပါဘူး။ ဒါကြောင့် အသင်းကောင်းတွေအားလုံးမှာ သင်မြင်ရတဲ့အတိုင်း တစ်ယောက်ယောက် လိုအပ်ပါတယ်။ သူတို့မှာ အနည်းဆုံး တိုက်စစ်ကစားသမား တစ်ဦး ပုံမှန်အားဖြင့် နံပါတ် ၉ ကစားသမား တစ်ဦး ရှိကြပါတယ်။ အဲဒီအခါမှာ သင်က ‘ဟုတ်တယ်၊ သူ့ကို မှီခိုနိုင်တယ်’ လို့ ပြောနိုင်တယ်။”
Photo Credit : Goal
“ဟွိုင်လန်းရဲ့ အတွေ့အကြုံ နည်းပါးမှုက အဓိက အချက်ဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် တိုက်စစ်မှူး တစ်ဦးအနေနဲ့ ဘယ်တိုက်စစ်မှူးကိုမှ မလိုချင်ပါဘူး။ ကျွန်တော့်ရဲ့ ပေါ့ဒ်ကတ်စ်မှာ အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးပါတယ်။ အတွေ့အကြုံရှိတဲ့ ဘောလုံးကွင်းထဲမှာ သူ့လမ်းသူ သိတဲ့ တိုက်စစ်မှူးတစ်ဦးကို လိုချင်ပါတယ်။ ဟွိုင်လန်း၊ ဇာ့ခ်ဇီး နဲ့ ချီဒို (အိုဘီ) လို လူငယ်တွေ သင်ယူနိုင်မယ့်သူပေါ့။” လို့ ပြောဆိုခဲ့ပါတယ်။
ယိုကာရက်စ်နဲ့ ပတ်သက်ပြီး သူက ထပ်မံပြောကြားခဲ့တာက “ယိုကာရက်စ်ကို လူတိုင်း ပြောနေကြတာပါ။ ဒါပေမဲ့ တကယ်လို့ အခုချိန်မှာ ဈေးကွက်ကို ကြည့်ပြီး သူ့ကို ဒါမှမဟုတ် အိုဆီမန်ကို ရွေးရမယ်ဆိုရင် ကျွန်တော်က အိုဆီမန်ကိုပဲ ရွေးပါလိမ့်မယ်။ အတွေ့အကြုံကြောင့်ပါ။ သူက လိဂ်ပေါင်းစုံမှာ ခြေစွမ်းပြနိုင်တာကို ပြသခဲ့ပြီးပါပြီ။ နိုင်ငံတကာပွဲတွေမှာလည်း လုပ်ပြနိုင်ခဲ့ပါတယ်။ သူက ထိပ်တန်းအဆင့် နံပါတ် ၉ တစ်ဦးဖြစ်ပြီး လူငယ်ကစားသမားတွေ သင်ယူနိုင်မယ့်သူလို့ ကျွန်တော်ထင်ပါတယ်။ ဂ်ယိုကာရက်စ် ကျရှုံးလိမ့်မယ်လို့ ကျွန်တော် မပြောပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ရွေးချယ်ခွင့်ရှိရင်တော့ အိုဆီမန်ကိုပဲ ရွေးမယ်လို့ ပြောတာပါ။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။