မန်ချက်စတာ စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက သူသာ စပိန်ထိပ်သီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာ ဒါမှမဟုတ် ရီးယယ်လ် မက်ဒရစ်မှာသာဆိုရင် လက်ရှိ မန်စီးတီးအသင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ ရလဒ်တွေကြောင့် အလုပ်ထုတ်ခံရမှာ သေချာတယ်လို့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ တတိယနေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့ပြီး အမှတ်ပေး ချန်ပီယံ လီဗာပူးလ်အသင်းနဲ့လည်း (၁၃) မှတ်အထိပါ ကွာဟခဲ့ပါသေးတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်နဲ့ EFL ဖလားပြိုင်ပွဲတွေကနေလည်း စောစောစီးစီး ထွက်ခဲ့ရသလို ရာသီသိမ်း ပြည်တွင်းဖလား မျှော်လင့်ချက်ဖြစ်တဲ့ FA ဖလား ဗိုလ်လုပွဲမှာလည်း ခရစ္စတယ် ပဲလေ့စ်အသင်းကို (၁-၀) နဲ့ ရှုံးနိမ့်ခဲ့ရပြန်ပါတယ်။
Photo Credit : The Guardian
ရာသီပိတ်ပွဲစဉ်မှာ ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့ပေမယ့်လည်း ဂွါဒီယိုလာရဲ့ နည်းပြဘဝ (၁၆) ရာသီအတွင်းမှာ အသင်းကို အဆင့်(၂) အပြင်ဘက် (အဆင့် ၃)ကို ပို့ဆောင်ခဲ့ရတာဟာ ဒါဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
အောက်တိုဘာလကုန်ကနေ ဒီဇင်ဘာလလယ်အတွင်းမှာ မန်စီးတီးအသင်းဟာ (၁၃) ပွဲကစားပြီး (၉) ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့ ခြေစွမ်းမျိုးဟာ စပိန်လာလီဂါမှာဆိုရင် ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်မှာ မဟုတ်ဘူးလို့ ဂွါဒီယိုလာက ယုံကြည်နေပါတယ်။ “ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ နှစ်မျိုးနဲ့သာဆိုရင် စပိန်မှာသာဆို အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာလောက်ကတည်းက ကျွန်တော် နည်းပြဆက်လုပ်နေရတော့မှာ မဟုတ်ဘူး။” လို့ ဂွါဒီယိုလာက DAZN ကို ပြောပါတယ်။
Photo Credit : The Irish Independent
“ဒါသာ ဘာစီလိုနာ ဒါမှမဟုတ် မက်ဒရစ်မှာဆိုရင် သူတို့ ကျွန်တော့်ကို အလုပ်ထုတ်ပစ်မှာပဲ။ ဒါပေမဲ့ ဒီမှာတော့ အဲ့ဒီလိုမေးခွန်းထုတ်တာတောင် မရှိဘူး။ ဒီမှာတော့ နည်းနည်းပိုပြီးတော့ သည်းခံနိုင်စွမ်းရှိဖို့ လိုပါတယ်။” လို့ သူက ဆက်ပြောပါတယ်။ ကားလို့စ် အန်ဆယ်လော့တီကိုသာ ကြည့်လေ။ သူက ချန်ပီယံလိဂ်နဲ့ လာလီဂါကို ယူထားပေးခဲ့ပေမယ့် အခုတော့ ဘရာဇီးမှာ နည်းပြလုပ်ဖို့ ထွက်သွားပြီ။” လို့လည်း ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့ပါတယ်။
မန်စီးတီးနဲ့ ဂွါဒီယိုလာတို့အတွက် ဒီလထဲမှာကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဆုဖလားအချို့ ရယူနိုင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ ဇွန်လ(၁၈)ရက်နေ့မှာ ဝိုင်ဒက်အသင်းနဲ့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အယ်လ်အိုင်းနဲ့ ဂျူဗင်တပ်စ်တို့နဲ့လည်း အုပ်စုပွဲစဉ်တွေ ဆက်ကစားရမှာ ဖြစ်ပါတယ်။ ၂၀၂၃ခုနှစ် ချန်ပီယံလိဂ်ဆုရှင်တွေဟာ သက်ဆိုင်ရာ အုပ်စုတွေကနေ အသင်းနှစ်သင်းလုံး အောင်မြင်စွာ တက်ရောက်နိုင်ခဲ့မယ်ဆိုရင် (၁၆) သင်းအဆင့်မှာ ရီးယယ်လ်မက်ဒရစ်နဲ့ ဆုံတွေ့နိုင်ဖွယ် ရှိနေပြီး ဒါဟာ အုပ်စုဇယားမှာ သူတို့ရပ်တည်နေတဲ့ နေရာပေါ်မှာ မူတည်နေပါတယ်။