ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ အရူးအမူးလို့ တင်စားရလောက်အောင် အလုပ်များမယ့် အပြောင်းအရွှေ့တွေ လုပ်ဖို့ ပြင်ဆင်နေပြီး အသင်းအတွက် ဂိုးသမားတစ်ဦး ထပ်မံခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသင်းနည်းပြ အန်ဇို မာရက်စကာဟာ အရင်က သူကိုင်တွယ်ဖူးတဲ့ လက်စတာအသင်းက ဂိုးသမား မက်စ် ဟာမန်ဆန်ကို ခေါ်ယူဖို့ အသည်းအသန် ဖြစ်နေတယ်လို့ သိရပါတယ်။
The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ သူတို့ ကစားသမားစာရင်းထဲကို ဂိုးသမားတစ်ဦး ထပ်မံ ဖြည်တင်းသွားဖို့ စီစဉ်နေပြီး နည်းပြမာရက်စကာကလည်း သူ့အသင်းဟောင်း လက်စတာမှာ လက်တွဲခဲ့ဖူးတဲ့ ဂိုးသမား ဟာမန်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
Photo Credit : Goal
ဒါပေမယ့် ဂိုးသမားဈေးကွက်ထဲ ခြေမချခင်မှာ ချယ်လ်ဆီးအသင်းဟာ လက်ရှိ ပထမဦးစားပေးဂိုးသမား ရောဘတ် ဆန်းချက်ဇ်နဲ့ ဒုတိယဂိုးသမား ဖီးလစ် ယော်ဂန်ဆန်တို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီ အငှားထွက်ကစားနေတဲ့ ပီထရိုဗစ်နဲ့ ကယ်ပါတို့နဲ့ ပတ်သက်ပြီးလည်း ဆုံးဖြတ်ချက်တွေ ချဖို့ လိုအပ်နေပါတယ်။
လက်စတာအသင်းဟာလည်း ဒီရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့အတွက် ငွေကြေးအခက်အခဲ ကြုံတွေ့နေရပြီး အသင်းကနေ ကစားသမား အများအပြားကိုပါ ရောင်းထုတ်ရနိုင်ပါတယ်။ ဒီထဲမှာ ဂိုးသမား ဟာမန်ဆန်ပါ ပါဝင်လာဖို့ ရှိနိုင်ပြီး ဟာမန်ဆန်အတွက် ပြောင်းရွှေ့ကြေးကိုတော့ ပေါင်(၃၅)သန်းအထိ သတ်မှတ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
Photo Credit : Goal
နည်းပြမာရက်စကာဟာ ဒီရာသီမှ လက်စတာကနေ ချယ်လ်ဆီးအသင်းဆီ ရောက်လာချိန် လက်စတာမှာ သူနဲ့အတူ လက်တွဲညီခဲ့တဲ့ ကွင်းလယ်ကစားသမား ကီရန်နန် ဒူဘရီဟောကိုပါ လက်စတာကနေ ခေါ်ယူခဲ့တာကြောင့် အခုလည်း နောက်ထပ် လက်စတာ ကစားသမားအဖြစ် ဟာမန်ဆန်ကို ခေါ်ယူသွားနိုင်ပါတယ်။
မာရက်စကာရဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ကနေ အဆင့်(၅)အတွင်း ဝင်ရောက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ဖို့နဲ့ ကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲအောင် စွမ်းဆောင်ရင်း ချန်ပီယံလိဂ် ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်စ်လိဂ်ဖလားတွေကို ရယူနိုင်တဲ့ တစ်သင်းတည်းသောအသင်း ဖြစ်လာအောင် လုပ်ဆောင်သွားဖို့သာ ရှိနေပါတယ်။