အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ကတော့ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ် နည်းပြဟောင်း သောမတ်စ် တူဟယ်လ်ကို အင်္ဂလန်အသင်းရဲ့ နည်းပြသစ်အဖြစ် အမြန်ဆုံး ခန့်အပ်နိုင်ဖို့ ရှိနေတယ်လို့ Sky Sports ကနေ သတတင်းဖော်ပြလာခဲ့ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲကြီး ပြီးဆုံးချိန်မှာပဲ အင်္ဂလန်ကို ဖိုင်နယ်အဆင့်ထိ ပို့ဆောင်နိုင်ခဲ့တဲ့ နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ အင်္ဂလန်နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာကြောင့် ဆောက်ဂိတ်နေရာအတွက် အင်္ဂလန် ယူ-၂၁နည်းပြ လီ ကာစလေနဲ့ ယာယီ အစားထိုး ခန့်အပ်ထားခဲ့ပါတယ်။

Photo Credit : Football365

လက်ရှိမှာ ယာယီနည်းပြ ကာစလေလက်ထက်မှာ (၄)ပွဲကစားထားပြီး (၃)ပွဲနိုင် (၁)ပွဲသရေကျထားခဲ့ပြီး လက်ကျန် (၂)ပွဲလောက်သာ ကိုင်တွယ်ရဖွယ်သာ ရှိနေသလို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း ကာစလေကို ယူ-၂၁ အသင်းဆီ ပြန်လည် မပို့ဆောင်ခင် နည်းပြတစ်ဦးကို အမြန်ဆုံး ခန့်အပ်သွားဖို့ စီစဉ်နေပါတယ်။

အင်္ဂလန် နည်းပြရာထူးအတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာ အပါအဝင် တူဟယ်လ် ၊ ပေါ်တာ ၊ အက်ဒီဟောင်းတို့ကို ပစ်မှတ်ထားနေသလို ဂွါဒီယိုလာကတော့ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်အတွက် အလိုချင်ဆုံး နည်းပြစြ်နေပေမယ့် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတွေထဲ တူဟယ်လ်က အင်္ဂလန်အတွက် စိတ်ကြိုက် option ဖြစ်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာပဲ အင်္ဂလန်နဲ့ တူဟယ်လ်တို့ရဲ့ သတင်းတွေ တောက်လျှောက် ထွက်ပေါ်လာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်လည်း လိုချင်နေတဲ့ တူဟယ်လ်က အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးနေတယ်လို့ သတင်းတွေကို ဂျာမနီ သတင်းမီဒီယာ Blid ကနေ ဖော်ပြလာပါတယ်။

အခုလည်း Sky Sports လို သတင်းမီဒီယာကြီးရဲ့ ဖော်ပြချက်အရ အင်္ဂလန်အသင်းဟာ သောမတ်စ် တူဟယ်လ်ကို နည်းပြသစ်အဖြစ် မြန်မြန်ဆန်ဆန် ခန့်အပ်နိုင်ပြီဆိုတာကို အတည်ပြုနိုင်ဖို့ ရှိနေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒါကြောင့် အင်္ဂလန်က သူတို့ အလိုချင်ဆုံး နည်းပြ ဂွါဒီယိုလာထက် လက်ရှိမှာ available လည်း ဖြစ်နေသလို စိတ်ကြိုက် option လည်း ဖြစ်နေတဲ့ တူဟယ်လ်ကိုပဲ ခန့်အပ်သွားဖို့ ရှိနေပါတယ်။