ဗီလာရီးယဲလ်အသင်းဟာ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမားလေးဖြစ်သူ ယယ်ရီ ပီနိုကို လာမယ့်နှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ ရောင်းထုတ်သွားဖို့ စဉ်းစားနေပြီလို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ စပိန်လက်ရွေးစင် တောင်ပံကစားသမားလေး ပီနိုကို မန်ချက်စတာ ယူနိုက်တက်အသင်းက စိတ်ဝင်စားလို့နေပြီး အသင်းကနေ ရောင်းချတော့မယ့် ဂျေဒန် ဆန်ချိုနေရာအတွက် အစားထိုးဖွယ် ရှိနေပါတယ်။
Photo Credit : TEAMtalk
၂၀၂၀-၂၁ ဘောလုံးရာသီကနေ စတင်ပြီး ဗီလာရီးယဲလ်အသင်းနဲ့အတူ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ပီနိုဟာ ဗီလာရီးယဲလ်ရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ရပြီး အသက် ငယ်ငယ်လေးနဲ့လည်း စပိန်လက်ရွေးစင်အတွက် ရွေးချယ်ခံလာခဲ့ရပါတယ်။
ဒီလို စွမ်းဆောင်နိုင်မှုတွေကြောင့် ယယ်ရီ ပီနိုကို ထိပ်သီး ကလပ်အသင်းတွေက စတင် စိတ်ဝင်စားလာခဲ့ပြီး လက်ရှိမှာလည်း ယူနိုက်တက်အသင်းက ဆန်ချိုနေရာမှာ အစားထိုးဖို့အတွက် စပိန် တောင်ပံကစားသမားလေး ပီနိုကို အထူး ပစ်မှတ်ထားလာခဲ့ပါတယ်။
Photo Credit : Villarreal USA
ပီနိုဟာ ညာတောင်ပံ ကစားသမား ဖြစ်ပေမယ့်လည်း ဆန်ချိုရဲ့ ဘယ်တောင်ပံဘက်မှာပါ ကစားတက်တဲ့ ညာခြေအားသန် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒီရာသီမှာတော့ ဗီလာရီးယဲလ်အတွက် သွင်းဂိုး နဲ့ ဂိုးဖန်တီးမှုတွေ မလုပ်ဆောင်နိုင်သေးပေမယ့်လည်း တကယ့်ကို talented player တစ်ဦး ဖြစ်ပါတယ်။
ပီနိုရဲ့ လက်ရှိ တန်ကြေးက ယူရို (၃၅)သန်းသာ ရှိနေတယ် ဆိုပေမယ့်လည်း ကစားသမားအသက်က (၂၀)ဝန်းကျင် ရှိနေသေးသလို ဗီလာရီးယဲလ်နဲ့လည်း ၂၀၂၇အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ အခြေအနေတွေကြောင့် အနိမ့်ဆုံး ယူရို သန်း(၅၀)လောက်အထိ တန်ကြေး ရှိလာနိုင်ပါတယ်။