အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့အတွက် ဝုလ်ဗ် တောင်ပံကစားသမား ပတ်ဒရို နက်တိုကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းက ဒီနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးပဲ ပရီးမီးယားလိဂ်မှာလည်း (၇)ပွဲကစား (၆)ပွဲနိုင် (၁)ပွဲသာ သရေကျထားပြီး ရမှတ် (၁၇)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာတွင် ရပ်တည်နေပါတယ်။

Photo Credit : Eurosport

ဒီရာသီမှာ ကွန်မြူနတီဒိုင်း ချန်ပီယံပါ ဖြစ်ထားပြီး ချန်ပီယံလိဂ်မှာလည်း အုပ်စုအဖွင့်ပွဲကို ဂိုးပြတ် အနိုင်ရထားတဲ့ အာဆင်နယ်က လာမယ့် ဆောင်းရာသီ ဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ အသင်း တိုက်စစ်ပိုင်းအတွက် ဝုလ်ဗ်ရဲ့ ပေါ်တူဂီ တောင်ပံကစားသမား နက်တိုကိုပါ ခေါ်ယူသွားချင်နေပါတယ်။

ညာတောင်ပံ တိုက်စစ်နေရာမှာ အဓိက ဆော့ကစားသူဖြစ်တဲ့ နက်တိုဟာ အာဆင်နယ်အသင်းရဲ့ ကာလရှည် ပစ်မှတ်ထားခဲ့ရသူဖြစ်ပြီး ကစားသမားရဲ့ အသက်အရွယ်ဟာလည်း အခုမှ (၂၃)နှစ်သာ ရှိနေပါသေးတယ်။

Photo Credit : The Athletic

ဝုလ်ဗ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ နက်တိုဟာ လက်ရှိ ဘောလုံးရာသီမှာ ဝုလ်ဗ်အတွက် (၇)ပွဲ ကစားထားပြီးချိန် သွင်းဂိုး (၁)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး (၄)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဝုလ်ဗ်ဘက်ကတော့ နက်တိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း(၅၀)အထိ သတ်မှတ်ထားပေမယ့်လည်း အာဆင်နယ်အနေနဲ့ကတော့ ပေါင် (၃၅)သန်းလောက်သာ ကမ်းလှမ်းသွားဖို့ စီစဉ်နေပါတယ်။

The Mirror ရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်အသင်းဟာ နက်တိုရဲ့အေးဂျင့်ဖြစ်တဲ့ စူပါအေးဂျင့် ဂျော့မန်ဒက်စ်နဲ့ နက်တို အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာ ကြာမြင်ခဲ့ပြီဖြစ်ပြီး သဘောတူညီမှုလည်း ရရှိလာနိုင်လိမ့်မယ်လို့ အသင်းဘက်ကရော ကစားသမားဘက်ကပါ မျှော်လင့်နေကြပါတယ်။