ဘိုင်ယန်မြူးနစ်အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ မဖြစ်ပေါ်လာသေးတဲ့ ဖီအိုရင်တီးနား ကွင်းလယ်လူ ဆိုဖန် အမ်မရာဘတ်ကို ချိန်ရွယ်လာနိုင်ဖွယ် ရှိနေတယ်လို့ Sky Sports ရဲ့ နာမည်ကျော် သတင်းထောက် ပလက်တန်ဘတ်ချ်က သုံးသပ်ထားခဲ့ပါတယ်။

ယူနိုက်တက်က ဒီနွေမှာ မေဆန်မောင့် အိုနာနာ နဲ့ ဟွိုင်လန်းတို့ကို ခေါ်ယူအပြီး စတုတ္ထမြောက် ကစားသမား ခေါ်ယူမှုအဖြစ် မော်ရိုကို ကွင်းလယ်လူ အမ်မရာဘတ်ကို ချိန်ရွယ်ထားပေမယ့်လည်း အခုချိန်ထိ တရားဝင် ကမ်းလှမ်းမှုတွေ မရှိသေးပဲ ဖြစ်နေပါတယ်။

Photo Credit : Football365

ယူနိုက်တက်အသင်းက အမ်မရာဘတ်ကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေ ရရှိထားပြီး အမ်မရာဘတ် ကိုယ်တိုင်ကလည်း ယူနိုက်တက်ဆီကိုသာ ပြောင်းရွှေ့ချင်နေပေမယ့် အခုချိန်ထိ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု မရှိသေးတဲ့အတွက် အပြောင်းအရွှေ့က ကြန့်ကြာနေရပါတယ်။

ဒီလို ကြန့်ကြာနေချိန်မှာ အမ်မရာဘတ်ကို ဆော်ဒီ ကလပ် အယ်လ် အာလီအသင်းကပါ ချဉ်းကပ်ခဲ့ပြီး ဖီအိုရင်တီးနားအသင်းဆီ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း အမ်မရာဘတ်ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ထားတာမို့ အယ်လ် အာလီကို ပယ်ချခဲ့ပါတယ်။

Photo Credit : Football365

ဒါပေမယ့် ဘိုင်ယန်မြူးနစ် နည်းပြ သောမတ်စ် တူဟယ်လ်က သူ့အသင်းအတွက် နံပါတ် (၆)နေရာ ကစားနိုင်တဲ့ ကွင်းလယ် ကစားသမားတစ်ဦးကို ခေါ်ယူချင်နေရာ ဒီအခြေအနေကို သိရှိထားတဲ့ အမ်မရာဘတ်ရဲ့ ကိုယ်စားလှယ်တွေက ယူနိုက်တက်သာ ဆက်လက်ပြီး ကြန့်ကြာနေဦးမယ်ဆိုရင် သူတို့ ကစားသမားအတွက် ဘိုင်ယန်နဲ့ ဆက်သွယ်သွားဖို့ ရှိနေပါတယ်။

ဘိုုင်ယန်ကလည်း ကွင်းလယ်အတွက် သူတို့ အလိုရှိနေတဲ့ ကစားသမားစာရင်းထဲမှာ အမ်မရာဘတ်ကို ထည့်သွင်းထားတာဖြစ်လို့ ယူနိုက်တက်ဘက်ကသာ အမ်မရာဘတ်ကို ခေါ်ယူရေး နှောင့်နှေးနေမယ်ဆိုရင် ကင်မင်ဂျေးကို ခေါ်ယူခဲ့သလိုမျိုး နောက်ထပ် ယူနိုက်တက် ပစ်မှတ်တစ်ဦးကို ထပ်မံ ခေါ်ယူသွားနိုင်ပါတယ်။