တူရကီ ထိပ်သီး ဘောလုံးကလပ်အသင်း ဂါလာတာစာရေးဟာ မန်ချက်စတာယူ ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား ဖရက်ဒ်ကို ခေါ်ယူသွားဖို့ ချဉ်းကပ်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ အလိုရှိနေတဲ့ ကစားသမားတွေကို ဆက်လက် ခေါ်ယူနိုင်ဖို့အတွက် အသင်းမှာ မလိုအပ်တော့တဲ့ ကစားသမားတချို့ကို ထုတ်ရောင်းဖို့လည်း လိုအပ်နေပြီး ဒီထဲမှာ ကွင်းလယ်လူ ဖရက်ဒ်လည်း ပါဝင်လို့နေပါတယ်။ ဖရက်ဒ်ကိုတော့ ဖူလ်ဟမ် ရိုးမားအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း ယူနိုက်တက်ထံ တရားဝင် ကမ်းလှမ်းမှုတွေတော့ ပြုလုပ်ထားခြင်း မရှိသေးပဲ တူရကီ ကလပ် ဂါလာတာစာရေးအသင်းကသာ ဖရက်ဒ်အတွက် official bid ကို ကနဦး ကမ်းလှမ်းချက်အဖြစ် လုပ်ဆောင်ထားခဲ့ပါတယ်။

Photo Credit : Fabrizio Romano

ဒါပေမယ့် ဂါလာတာစာရေးရဲ့ ဖရက်ဒ်အတွက် ပထမဆုံး ကမ်းလှမ်းချက်ကိုတော့ မန်ယူနိုက်တက်ဘက်က ပယ်ချထားခဲ့ပြီး မျှော်လင့်ထားတဲ့ တန်ကြေးမျိုး မရလာသေးလို့ ပယ်ချခဲ့တာလို့လည်း သိရပါတယ်။ ဒါပေမယ့် ဂါလာတာစာရေးဘက်ကတော့ ဖရက်ဒ်အတွက် နောက်တစ်ကြိမ် ကမ်းလှမ်းမှု ထပ်မံ ပြုလုပ်သွားဖို့လည်း ရှိနေပါတယ်။ ဖရက်ဒ်ကလည်း ဒီနွေမှာ ယူနိုက်တက်အသင်းနဲ့ သေချာပေါက် လမ်းခွဲမှာဖြစ်ပြီး သူ့ကို ဖူလ်ဟမ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်း တချို့နဲ့ ဆော်ဒီကလပ်တွေက စိတ်ဝင်စားနေကြသလို ယူနိုက်တက်ကတော့ သူ့ကို ရောင်းချပြီးရင် ကွင်းလယ်ပိုင်းအတွက် ဖီအိုရင်တီးနားရဲ့ မော်ရိုကို ကွင်းလယ်လူ အမ်မရာဘတ်ကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

ယူနိုက်တက်က လက်ရှိအချိန်မှာ မေဆန်မောင့်ကို ချယ်လ်ဆီးကနေ ခေါ်ယူထားပြီး ဂိုးသမား အိုနာနာကိုလည်း ဒီကနေ့မှာပဲ အင်တာမီလန်ကနေ ပြောင်းရွှေ့ကြေး ယူရို သန်း(၅၀) + အပိုဆုကြေး ယူရို (၅)သန်းနဲ့ အရ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။