ပူပူနွေးနွေး ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူရန် ကြိုးစားတော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလား စတဲ့ ဖလား ၃လုံးကို တပြိုင်နက်ထဲ သိမ်းပိုက်နိုင်ခဲ့ပေမယ့် သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဂန်ဒိုဂန်က အသင်းကနေ ထွက်ခွာဖို့ သေချာနေသလို နောက်ထပ် ကွင်းလယ်လူ တဦး ဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားကလည်း အသင်းပြောင်းဖို့ ရာခိုင်နှုန်း များနေပါတယ်။

Photo Credit: Standard

ဒါကြောင့် မန်ချက်စတာ စီးတီးက ဂန်ဒိုဂန်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာဆစ်ကို ရအောင် ခေါ်ယူထားခဲ့သလို နောက်ထပ် ကွင်းလယ်အားဖြည့်မှု အဖြစ် ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ မန်ချက်စတာ စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံလုဘက် ဖြစ်ခဲ့တဲ့ အာဆင်နယ်က ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေပြီး အာဆင်နယ်က ဒီကလန်ရိုက်စ် အတွက် ကမ်းလှမ်းမှု ၂ကြိမ် လုပ်ခဲ့ပေမယ့် ဝက်စ်ဟမ်းက အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချထားပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ မန်ချက်စတာ စီးတီးက ဘာနာဒို ဆေးလ်ဗားကိုပါ လက်လွှတ်ရဖို့ နီးစပ်နေပြီးနောက် အာဆင်နယ်ပစ်မှတ် ဒီကလန်ရိုက်စ်ကို ကြားဖြတ် ခေါ်ယူဖို့ စီစဉ်နေပြီး မန်ချက်စတာ စီးတီးက မကြာခင်မှာပဲ ဒီကလန်ရိုက်စ် အတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုကို ပေးပို့တော့မယ်လို့ သိရပါတယ်။

မန်ချက်စတာ စီးတီးက ဒီကလန်ရိုက်စ် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ငွေသားသီးသန့် ကမ်းလှမ်းမှုသာ လုပ်ဖို့ ရာခိုင်နှုန်း များနေပေမယ့် ဝက်စ်ဟမ်းဘက်က မန်ချက်စတာ စီးတီး ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို လိုချင်နေတာကြောင့် မန်ချက်စတာ စီးတီးက ကယ်ဗင် ဖီးလစ် + ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းရင် ဒီကလန်ရိုက်စ်အတွက် ဝက်စ်ဟမ်းနဲ့ သဘောတူညီမှု ရရှိသွားနိုင်ပါတယ်။