ဒီနှစ် ၂၀၂၂ခုနှစ်ထဲမှာ ဘောလုံးသမားဘဝကို ကျောခိုင်းထွက်ခွာသွားခဲ့တဲ့ နာမည်ကျော် ဘောလုံးသမားတွေများစွာ ရှိနေပါတယ်။ ဒီထဲကမှ ပရိသတ်တွေအားလုံးနဲ့ ရင်းနှီးပြီးသား ထိပ်တန်ကစားသမား(၅)ဦးအကြောင်းကို စုစည်းဖော်ပြသွားချင်ပါတယ်။
(၁)မူဆာဒမ်ဘီလီ
အသက်(၃၄)နှစ်အရွယ် စပါးကစားသမားဟောင်းကြီး ဒမ်ဘီလီဟာ ကွင်းလယ်လူတစ်ဦးဖြစ်ပြီး box-to-box ကွင်းလယ်ကစားသမားတွေထဲမှာလည်း အကောင်းဆုံးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာ စပါးကနေ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဘယ်လ်ဂျီယံ ကစားသမားကြီးဟာ သူရဲ့လက်ရှိကလပ် ဂွမ်ကျိုးစီးတီးနဲ့ စာချုပ်ပြည့်ချိန်မှာ ဘောလုံးသမားဘဝက အနားယူတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။
(၂)လော်ရန့်ကိုစီယယ်နီ
အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ကိုစီယယ်နီဟာလည်း ၂၀၁၉ခုနှစ်မှာပဲ အာဆင်နယ်ကနေ ဘော်ဒိုးအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး သူရဲ့လစာမြင့်မားလွန်းမှုကြောင့် ၂၀၂၂ခုနှစ် ဇန်နဝါရီလကုန်ပိုင်းလောက်မှာ ဘော်ဒိုး ပထမအသင်းရဲ့ လူစာရင်းကနေပါ ဖယ်ရှားခံခဲ့ရပါတယ်။ နောက်ခံလူကြီး ကိုစီယယ်နီဟာ နောက်(၂)လအကြာမှာတော့ သူ့ကစားသမားဘဝကို အဆုံးသတ်သွားခဲ့ပါတယ်။
(၃)ဂျာမိန်းဒီဖိုး
စပါး ဆန်းဒါးလန်း ပို့စ်မောက် ဝက်စ်ဟမ်းတို့လို အင်္ဂလန် ကလပ်အသင်းတွေနဲ့ ရိန်းဂျားအသင်းမှာတွေ ပါဝင်ခဲ့ဖူးသူ အသက်(၃၉)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်းကြီး ဒီဖိုးဟာ ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာ အသင်းဟောင်း ဆန်းဒါးလန်းကို ကာလတိုစာချုပ်နဲ့ ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပြီး မတ်လမှာပဲ သူရဲ့ ကစားသမားဘဝကို အဆုံးသတ်သွားခဲ့ပါတယ်။
(၄)ကိုလာရော့ဗ်
အသက်(၃၆)နှစ်အရွယ် ဆာဘီးယား ကစားသမားကြီး ကိုလာရော့ဗ်ဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပိုင်ဆိုင်နိုင်သူ ဖြစ်သလို သူရဲ့ နောက်ဆုံးကလပ် အင်တာမီလန်အသင်းနဲ့လည်း စီးရီးအေဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ ကိုလာရော့ဗ်ဟာ အင်တာနဲ့ စာချုပ်ကုန်ဆုံးချိန်မှာတော့ သက်တမ်းတိုးခြင်းမရှိပဲ အသင်းနဲ့ လမ်းခွဲခဲ့သလို အသင်းသစ်လည်း ထပ်မရှာတော့ပဲ ဒီရက်ပိုင်းမှာသာ ကစားသမားဘဝကနေ retired ယူခဲ့ပါတယ်။
(၁)တီဗက်ဇ်
ကိုလာရော့ဗ်ရဲ့ မန်စီးတီးအသင်းဖော်ဟောင်း တီဗက်ဇ်ဟာလည်း ၂၀၂၁ခုနှစ် ဇွန်လမှာပဲ ဘိုကာဂျူနီယာအသင်းကနေ ထွက်ခွာပြီး free agent ကစားသမားအဖြစ် ရှိနေခဲ့ပေမယ့် အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့ခြင်း မရှိတော့တဲ့အပြင် တစ်နှစ်အကြာမှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် အခုဆိုရင် နည်းပြနယ်ပယ်ထဲအထိပါ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ အသက်(၃၈)နှစ်အရွယ် တီဗက်ဇ်ဟာ အာဂျင်တီးနားကလပ် ရိုဆာရီယိုစန်ထရယ်အသင်းကိုပါ ကိုင်တွယ်နေပြီ ဖြစ်ပါတယ်။