အေစီမီလန်အသင်းရဲ့ ဝါရင့် ကစားသမားကြီး ဇလာတန်အီဘရာဟီမိုဗစ်ကတော့ ဆိုးရွှားလွန်းလှတဲ့ ဒူးဒဏ်ရာကြောင့် (၉)လလောက်အထိ အနားယူပြီးနောက်မှာ မီလန်နဲ့ အတ္တလန်တာအသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ စီးရီးအေပွဲစဉ်မှာပဲ အသင်းအတွက် လူစားဝင်လာရင်းနဲ့ ပြန်လည် ကစားခွင့် ရရှိခဲ့ပါတယ်။

Pioli welcomes return of 'leaders' Ibrahimovic and Maignan

Photo Credit : Keepup

ဆွီဒင် ဝါရင့်ကစားသမားကြီး မိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အဆုံးသတ်ခါနီး ဆာဆူအိုလိုနဲ့ ပွဲစဉ်မှာပဲ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ၂၀၂၃ခုနှစ် နှစ်စပိုင်းလောက်အထိကို အနားယူလိုက်ရပြီး ဖေဖော်ဝါရီလထဲမှသာ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့တာဖြစ်ကာ အတ္တလန်တာနဲ့ပွဲမှာတော့ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ အသက်(၄၁)နှစ်အရွယ်ရှိ တိုက်စစ်မှူးကြီး မိုဗစ်ဟာ မီလန်အသင်းအတွက်တော့ ဆောင်းဈေးကွက်အတွင်း ကစားသမားတစ်ဦး ခေါ်ယူထားသလိုကို ဖြစ်နေနိုင်ပြီး အသင်းရဲ့ တိုက်စစ်မှာ ဂျရူး လီယာအို အော်ရီဂီ ရယ်ဘစ်တို့နဲ့အပြိုင် ပွဲထွက် ကစားခွင့်အတွက် တိုက်ပွဲဝင်လာရဖွယ်လည်း ရှိနေပါတယ်။

433 on Twitter: "Zlatan Ibrahimovic (41 years and 146 days) is now the  oldest player to play for Milan in over 30 years 🍷🦁  https://t.co/TsoFOn3bup" / Twitter

Photo Credit : Twitter

အသက်(၄၀)တောင် ကျော်လွန်လာခဲ့ပြီဖြစ်သော မိုဗစ်ဟာ မီလန်လို ဥရောပထိပ်သီး အသင်းမျိုးမှာ ကစားနေသေးတဲ့အပြင် ဆိုးရွှားလွန်းလှတဲ့ ဒဏ်ရာပြသာနာနဲ့ မရင်ဆိုင်ရတုန်းကလည်း အသင်းအတွက် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ (၁၇)ဂိုး သွင်းယူပေးနိုင်ခဲ့သလို ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာလည်း (၈)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဂိုးသွင်းစွမ်းဆောင်တွေ ကျဆင်းလာခဲ့ပေမဲ့ မိုဗစ်ဟာ မီလန်အသင်းအတွက် သေချာ ပေးဆပ် ကစားနိုင်သူ ဖြစ်သလို စိတ်ဓါတ် မာကြောလွန်းလှတဲ့ ကစားသမားလည်း ဖြစ်နေတာကြောင့် ဒဏ်ရာ အခြေအနေကြီး ရှိနေချိန်မှာတောင် အသင်းဘက်က သူ့ကို တစ်နှစ် ထပ်မံ သက်တမ်းတိုးသွားခဲ့ပါတယ်။

Photo Credit : Twitter

အခုတော့ မိုဗစ်ဟာ ဒူးဒဏ်ရာဆိုးကြီးကနေ လုံးဝကို ရာနှုန်းပြည့် သက်သာလာခဲ့ပြီဖြစ်လို့ မီလန်ရဲ့ လာမဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားသွားရဖို့ ရှိနေပြီး အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့် top 4 နေရာအတွက်ကိုလည်း အကောင်းဆုံး စွမ်းဆောင်နိုင်ဖွယ်လည်း ရှိနေပါတယ်။