တုိက္စစ္မွဴး ဘီဘရာဟီ မုိဗစ္ရဲ႕ ရုပ္တုဟာ ေျခခ်င္းဝက္ကေန လႊနဲ႔ အျဖတ္ခံခဲ့ရတာေၾကာင့္ ေျမျပင္ေပၚကုိ ျပိဳလဲက်သြားခဲ့သလုိ၊ ရုပ္တုကုိ သက္ဆုိင္ရာက ျပန္ျပင္ဖုိ႔ ယူသြားခဲ့ရပါတယ္။ တုိက္စစ္မွဴး အီဘရာဟီ မုိဗစ္ရဲ႕ ရုပ္တုကုိ ပန္းပုပညာရွင္ ပီတာ လင္ဒါက ထုဆစ္ခဲ့ၿပီး သူ႔ရဲ႕ ရုပ္တုကုိ (၂၀၁၉) ခုႏွစ္၊ ေအာက္တုိဘာလက မာလ္မုိ ကြင္းအျပင္မွာ စုိက္ထူေပးခဲ့ပါတယ္။

Photo Credit: Givemesport

ဆီြဒင္လက္ေရြးစင္ တုိက္စစ္မွူး အီဘရာဟီ မုိဗစ္ကေတာ့ သူ႔ရဲ႕ပေရာ္ဖယ္ရွင္နယ္ ကစားသမား ဘဝကုိ လြန္ခဲ့တဲ့ (၂၀) ႏွစ္က မာလ္မုိအသင္းမွာ စတင္ခဲ့ၿပီး ေအာင္ျမင္လာခဲ့တာ ျဖစ္ပါတယ္။ ရုပ္တုကုိ ဖြင့္လွစ္ၿပီး (၁) လအၾကာမွာေတာ့ အီဘရာဟီ မုိဗစ္ဟာ မာလ္မုိအသင္းရဲ႕ ျပိဳင္ဘက္ ဟမ္မာဘီအသင္းကေန ရွယ္ယာ (၂၅) ရာခုိင္ႏႈန္း ဝယ္ယူခဲ့တယ္လုိ႔ သတင္း ထြက္ခဲ့ပါတယ္။

Photo Credit: Givemesport

မာလ္မုိ ပရိသတ္ေတြဟာ အဲဒီသတင္းကုိ ၾကားတဲ့ အခ်ိန္မွာ ကြင္းအျပင္မွာ စုိက္ထူေပးထားတဲ့ အီဘရာဟီ မုိဗစ္ရဲ႕ ရုပ္တုကုိ မီးရႈိ႕ဖ်က္ခဲ့ၾကသလုိ၊ အေရာင္ေဆးေတြ ျဖန္းသုတ္ခဲ့ၾကပါတယ္။ အီဘရာဟီ မုိဗစ္ရဲ႕ ရုပ္တုဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက ႏွားေခါင္း အဖ်က္ခံရၿပီ၊ အခု အဆုိးဆုံး ျဖစ္ၿပီး သူ႔ရဲ႕ ရုပ္တုကုိ ေျခခ်င္းဝက္ကေန လႊနဲ႔ ျဖတ္ၿပီး ျပိဳလဲက်ေအာင္ ဖ်က္ဆီးခဲ့ၾကပါတယ္။

{Unicode}

တိုက်စစ်မှူး ဘီဘရာဟီ မိုဗစ်ရဲ့ ရုပ်တုဟာ ခြေချင်းဝက်ကနေ လွှနဲ့ အဖြတ်ခံခဲ့ရတာကြောင့် မြေပြင်ပေါ်ကို ပြိုလဲကျသွားခဲ့သလို၊ ရုပ်တုကို သက်ဆိုင်ရာက ပြန်ပြင်ဖို့ ယူသွားခဲ့ရပါတယ်။ တိုက်စစ်မှူး အီဘရာဟီ မိုဗစ်ရဲ့ ရုပ်တုကို ပန်းပုပညာရှင် ပီတာ လင်ဒါက ထုဆစ်ခဲ့ပြီး သူ့ရဲ့ ရုပ်တုကို (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလက မာလ်မို ကွင်းအပြင်မှာ စိုက်ထူပေးခဲ့ပါတယ်။

Photo Credit: Givemesport

ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး အီဘရာဟီ မိုဗစ်ကတော့ သူ့ရဲ့ပရော်ဖယ်ရှင်နယ် ကစားသမား ဘဝကို လွန်ခဲ့တဲ့ (၂၀) နှစ်က မာလ်မိုအသင်းမှာ စတင်ခဲ့ပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ရုပ်တုကို ဖွင့်လှစ်ပြီး (၁) လအကြာမှာတော့ အီဘရာဟီ မိုဗစ်ဟာ မာလ်မိုအသင်းရဲ့ ပြိုင်ဘက် ဟမ်မာဘီအသင်းကနေ ရှယ်ယာ (၂၅) ရာခိုင်နှုန်း ဝယ်ယူခဲ့တယ်လို့ သတင်း ထွက်ခဲ့ပါတယ်။

Photo Credit: Givemesport

မာလ်မို ပရိသတ်တွေဟာ အဲဒီသတင်းကို ကြားတဲ့ အချိန်မှာ ကွင်းအပြင်မှာ စိုက်ထူပေးထားတဲ့ အီဘရာဟီ မိုဗစ်ရဲ့ ရုပ်တုကို မီးရှို့ဖျက်ခဲ့ကြသလို၊ အရောင်ဆေးတွေ ဖြန်းသုတ်ခဲ့ကြပါတယ်။ အီဘရာဟီ မိုဗစ်ရဲ့ ရုပ်တုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နှားခေါင်း အဖျက်ခံရပြီ၊ အခု အဆိုးဆုံး ဖြစ်ပြီး သူ့ရဲ့ ရုပ်တုကို ခြေချင်းဝက်ကနေ လွှနဲ့ ဖြတ်ပြီး ပြိုလဲကျအောင် ဖျက်ဆီးခဲ့ကြပါတယ်။