အသက္၃၈ႏွစ္အရႊယ္ ေရာက္ေနၿပီျဖစ္ေပမယ့္လည္း သူရဲ႕သက္လုံပုိင္း ႀကံခုိင္မႈပုိင္းနဲ႔ ေျခစြမ္းပုိင္းေတြက အခုထိကုိ ေကာင္းမြန္ေနဆဲျဖစ္ေနသးတတဲ႔ ဝါရင့္ဆြီဒင္တုိက္စစ္ကစားသမားႀကီး ဇလာတန္အီဗရာဟီမုိ္ဗစ္ကေတာ့ နာမည္ေက်ာ္ ေမဂ်ာလိဂ္ကလပ္ အယ္ေအဂလက္ဆီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားခ်ိန္မွာ သူယခင္တုန္းက က်င္လည္ခဲ႔ဖူးတဲ႔ ဥေရာပေဘာလုံးနယ္ပယ္ကုိ ျပန္လည္ဝင္ေရာက္ဖုိ႔ ျပင္ဆင္လုိ႔ေနၿပီး အသင္းေဟာင္း မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ သတင္းေတြ ထြက္ေပၚခဲ႔ေပမယ့္ အခုေနာက္ဆုံးရထားတဲ့ သတင္းေတြအရ မုိဗစ္ဟာ အီတလီစီးရီးေအၿပိဳင္ပြဲဆီကုိသာ တဖန္ျပန္သြားဖြယ္ ရွိေနတယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

အသက္၄၀နားကပ္ေနခ်ိန္ထိ အေကာင္းဆုံးေျခစြမ္းေတြကုိ ပုိင္ဆုိင္ထားဆဲျဖစ္လုိ႔ နတ္ဘုရားႀကီးလုိ႔ပါ တင္စားေခၚဆုိခံေနရတဲ႔ မုိဗစ္ဟာ သူရဲ႕စီးရီးေအအသင္းေဟာင္းမ်ားျဖစ္တဲ႔ ေအစီမီလန္ အင္တာမီလန္အသင္းေတြနဲ႔ပါ သတင္းေတြ ဆက္တုိက္ထြက္ေပၚခဲ႔ေပမယ့္ လက္ရွိမွာ သူတကယ္ေျပာင္းေရႊ႔ဖုိ႔ နီးစပ္ေနတဲ႔အသင္းက ဒီအသင္းေတြမဟုတ္ပဲ ဘုိေလာ့ဂ္နာအသင္းျဖစ္တယ္လုိ႔ အီတလီမီဒီယာေတြကေန ေဖာ္ျပလာခဲ႔ပါတယ္။ ဘုိေလာ့ဂ္နာအသင္းက လက္ရွိ စီးရီးေအၿပိဳင္ပြဲရဲ႕အမွတ္ေပးဇယားမွာ တန္းဆင္းဇုန္နားကုိ ေရာက္ရွိေနၿပီး အဆင့္၁၈ကအသင္းနဲ႔ ရမွတ္၃မွတ္သာ ကြာဟလုိ႔ေနပါတယ္။ ဒီလုိ အေျခအေနဆုိးကေန လြတ္ေျမာက္ႏုိင္ဖုိ႔အတြက္ မုိဗစ္လုိ ဝါရင့္သမာၻရင့္ ကစားသမားႀကီးတစ္ကုိ လာမယ့္ေဆာင္းရာသီေစ်းကြက္အတြင္းမွာ ေခၚယူသြားခ်င္ေနတာျဖစ္ပါတယ္။

Photo Credit : Getty Images

မုိဗစ္နဲ႔ ဘုိေလာ့ဂ္နာအသင္းရဲ႕လက္ရွိနည္းျပ မီဟုိင္းလုိဗစ္တုိ႔ႏွစ္ဦးမွာ အင္တာမီလန္အသင္းမွာ အတူတြဲဖက္လုပ္ကုိင္ခဲ႔ဖူးသူေတြျဖစ္ၿပီးေတာ့ ဒီလုိ ရင္းႏွီးခဲ႔ဖူးတဲ႔ ဆက္ဆံေရးအေျခအေနေတြေၾကာင့္ ဘုိေလာ့ဂ္နာအသင္းရဲ႕ကမ္းလွမ္းမႈကုိ မုိဗစ္ဘက္ကေန လက္ခံသြားဖုိ႔ ေသခ်ာသေလာက္ရွိေနတယ္လုိ႔ အီတလီသတင္းမီဒီယာေတြကေန ေဖာ္ျပထားခဲ႔ပါတယ္။ ဒါ့အျပင္ ၿပီးခဲ႔တဲ႔ ေအာက္တုိဘာလတုန္းကလည္း ဘုိေလာ့ဂ္နာအသင္းရဲ႕အားကစားဒါရုိက္တာက အသင္းနဲ႔ မုိဗစ္ရဲ႕ေအးဂ်င့္ၾကားမွာ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီလုိ႔ အသိေပးခဲ႔ပါေသးတယ္။ ဒါေပမယ့္ မုိဗစ္ကုိ အလုိရိွေနတဲ႔ အသင္းေတြထဲမွာ နာပုိလီအသင္းလည္း ပါဝင္လုိ႔ေနၿပီး ဘုိေလာ့ဂ္နာနဲ႔ အဆင္ေျပေနသည့္တုိင္ နာပုိလီကေတာ့ မုိဗစ္ကို ေခၚယူဖုိ႔အတြက္ လက္ေလွ်ာ့သြားဖြယ္မရွိေသးပဲ မက္ေမာေလာက္စရာ ကမ္းလွမ္းခ်က္တစ္ခုနဲ႔ ေဆာင္းရာသီေစ်းကြက္အတြင္းမွာ ထပ္မံကမ္းလွမ္းလာႏုိင္ပါတယ္။ ယူႏုိက္တက္ကေတာ့ မုိဗစ္ထက္ ဂ်ဳဗင္တပ္စ္မွာ ေနရာေပ်ာက္ေနတဲ႔ မန္ဇူကစ္ဇ္ကုိသာ ေခၚယူသြားဖုိ႔ အေျခအေနမ်ားလုိ႔ေနပါတယ္။

(Unicode)

ယူနိုက်တက်ထက် အီတလီဘက်ကိုသာ ပြောင်းရွှေ့ဖို့ သေချာသလောက်ဖြစ်နေတဲ့ မိုဗစ်

အသက်၃၈နှစ်အရွှယ် ရောက်နေပြီဖြစ်ပေမယ့်လည်း သူရဲ့သက်လုံပိုင်း ကြံခိုင်မှုပိုင်းနဲ့ ခြေစွမ်းပိုင်းတွေက အခုထိကို ကောင်းမွန်နေဆဲဖြစ်နေသးတတဲ့ ဝါရင့်ဆွီဒင်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမို်ဗစ်ကတော့ နာမည်ကျော် မေဂျာလိဂ်ကလပ် အယ်အေဂလက်ဆီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာ သူယခင်တုန်းက ကျင်လည်ခဲ့ဖူးတဲ့ ဥရောပဘောလုံးနယ်ပယ်ကို ပြန်လည်ဝင်ရောက်ဖို့ ပြင်ဆင်လို့နေပြီး အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုနောက်ဆုံးရထားတဲ့ သတင်းတွေအရ မိုဗစ်ဟာ အီတလီစီးရီးအေပြိုင်ပွဲဆီကိုသာ တဖန်ပြန်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

အသက်၄၀နားကပ်နေချိန်ထိ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားဆဲဖြစ်လို့ နတ်ဘုရားကြီးလို့ပါ တင်စားခေါ်ဆိုခံနေရတဲ့ မိုဗစ်ဟာ သူရဲ့စီးရီးအေအသင်းဟောင်းများဖြစ်တဲ့ အေစီမီလန် အင်တာမီလန်အသင်းတွေနဲ့ပါ သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာ သူတကယ်ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့အသင်းက ဒီအသင်းတွေမဟုတ်ပဲ ဘိုလော့ဂ်နာအသင်းဖြစ်တယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဘိုလော့ဂ်နာအသင်းက လက်ရှိ စီးရီးအေပြိုင်ပွဲရဲ့အမှတ်ပေးဇယားမှာ တန်းဆင်းဇုန်နားကို ရောက်ရှိနေပြီး အဆင့်၁၈ကအသင်းနဲ့ ရမှတ်၃မှတ်သာ ကွာဟလို့နေပါတယ်။ ဒီလို အခြေအနေဆိုးကနေ လွတ်မြောက်နိုင်ဖို့အတွက် မိုဗစ်လို ဝါရင့်သမ္ဘာရင့် ကစားသမားကြီးတစ်ကို လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ ခေါ်ယူသွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Getty Images

မိုဗစ်နဲ့ ဘိုလော့ဂ်နာအသင်းရဲ့လက်ရှိနည်းပြ မီဟိုင်းလိုဗစ်တို့နှစ်ဦးမှာ အင်တာမီလန်အသင်းမှာ အတူတွဲဖက်လုပ်ကိုင်ခဲ့ဖူးသူတွေဖြစ်ပြီးတော့ ဒီလို ရင်းနှီးခဲ့ဖူးတဲ့ ဆက်ဆံရေးအခြေအနေတွေကြောင့် ဘိုလော့ဂ်နာအသင်းရဲ့ကမ်းလှမ်းမှုကို မိုဗစ်ဘက်ကနေ လက်ခံသွားဖို့ သေချာသလောက်ရှိနေတယ်လို့ အီတလီသတင်းမီဒီယာတွေကနေ ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ဘိုလော့ဂ်နာအသင်းရဲ့အားကစားဒါရိုက်တာက အသင်းနဲ့ မိုဗစ်ရဲ့အေးဂျင့်ကြားမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ အသိပေးခဲ့ပါသေးတယ်။ ဒါပေမယ့် မိုဗစ်ကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ နာပိုလီအသင်းလည်း ပါဝင်လို့နေပြီး ဘိုလော့ဂ်နာနဲ့ အဆင်ပြေနေသည့်တိုင် နာပိုလီကတော့ မိုဗစ်ကို ခေါ်ယူဖို့အတွက် လက်လျှော့သွားဖွယ်မရှိသေးပဲ မက်မောလောက်စရာ ကမ်းလှမ်းချက်တစ်ခုနဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာ ထပ်မံကမ်းလှမ်းလာနိုင်ပါတယ်။ ယူနိုက်တက်ကတော့ မိုဗစ်ထက် ဂျုဗင်တပ်စ်မှာ နေရာပျောက်နေတဲ့ မန်ဇူကစ်ဇ်ကိုသာ ခေါ်ယူသွားဖို့ အခြေအနေများလို့နေပါတယ်။