ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက ကြည့်ရှခဲ့ရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ဇလာတန်အီဗရာဟီမိုဗစ်တို့ နှစ်ဦးမှာတော့ ရော်နယ်ဒိုရဲ့ပေါ်တူဂီလက်ရွေးစင်အသင်းက မိုဗစ်ရဲ့ဆွီဒင်ကို ၂ကျော့လုံးမှာ အနိုင်ယူခဲဲ့ပြီး ရော်နယ်ဒိုက အဲ့ဒီပွဲဲတွေအတွင်းမှာ သွင်းဂိုး၄ဂိုးရယူပေးခဲ့ပြီး သူ့ရဲ့ ပေါ်တူဂီအသင်းကို ၂၀၁၄ခုနှစ် ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲဆီကိုပါ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက ဥရောပဘောလုံးစစ်မျက်နှာပြင်ပေါ်မှာ မဆုံကြတော့တဲ့ ပြိုင်ဘက်ဟောင်းနှစ်ဦးဟာ အခုဆိုရင် ကိုပါအီတလီယာဖလားရဲ့ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်ဆုံတွေ့ရပြီပဲဖြစ်ပါတယ်။

Photo Credit : Youtube

ပေါ်တူဂီတိုက်စစ်ကစားသမား ရော်နယ်ဒိုက သူနှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကနေ စွန့်ခွာပြီး ဂျုဗင်တပ်စ်အသင်းဆီကို ၂၀၁၈ခုနှစ် နွေရာသီမှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ပြိုင်ဘက်ဟောင်းကြီး မိုဗစ်ကတော့ အမေရိကမှာ ၂ရာသီလောက် ကျင်လည်ခဲ့ပြီးရာကနေ အခုဆောင်းရာသီစျေးကွက်အတွင်းမှာမှ အသင်းဟောင်း အေစီမီလန်ဆီကို အလွတ်ပြောင်းရွှေ့နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက ဒီရာသီမှာ ဂျုဗင်တပ်စ်အတွက် စီးရီးအေသွင်းဂိုး၂၀ သွင်းယူထားခဲ့ပြီး ဝါရင့်ဆွီဒင်တိုက်စစ်မှူးကြီးမိုဗစ်ကတော့ မီလန်ဒါဘီသွင်းဂိုး၁ဂိုး အပါအဝင် စီးရီးအေ၅ပွဲမှာ သွင်းဂိုး၂ဂိုး ရယူထားနိုင်ခဲ့ပါတယ်။

Photo Credit : AS English

ဒီနေ့ညမှာ ကစားသွားမယ့် အေစီမီလန်နဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ ကိုပါအီတလီယာ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲကို မီလန်ရဲ့အိမ်ကွင်းဖြစ်တဲ့ ဆန်စီယိုကွင်းမှာ ကျင်းပကစားသွားမှာဖြစ်ပြီး ဒီရာသီ စီးရီးအေမှာ ဆုံတွေ့ထားတုန်းကတော့ ဂျုဗင်တပ်စ်အသင်းက တူရင်မြေမှာ ဒီဘားလားရဲ့သွင်းဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ အေစီဘက်မှာ မိုဗစ်ပါဝင်ခြင်းမရှိသေးသလို ရော်နယ်ဒိုကလည်း အဆိုပါပွဲမှာ လူစားလဲခံခဲ့ရလို့ ဆာရီနဲ့ပါ ပြသာနာတတ်ခဲ့ပါသေးတယ်။ အခုအချိန်မှသာ ရော်နယ်ဒိုနဲ့မိုဗစ်တို့ ပြန်လည်စီးချင်းထိုးရမယ့် အခိုက်အတန့်ဖြစ်နေပြီး နှစ်သင်းလုံးက နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်တွေမှာ ရှုံးပွဲတွေအသီးသီး ကြံုတွေ့ထားရတာဖြစ်လို့ ဒီပွဲကို သေချာပေါက် အာရုံစိုက်ကစားလာမှာဖြစ်သလို လွန်ခဲ့တဲ့ရနှစ်လောက်တုန်းက ရော်နယ်ဒိုအပေါ်မှာ တင်ကျန်ရစ်နေတဲ့ ရှံးကြွေးကို ဆပ်ချင်နေမယ့် အီဗရာဟီမိုဗစ်ရဲ့အေစီမီလန်အသင်းဘက်ကနေ ပိုရင်ခုန်ကြည့်ချင်ပါတယ်ခင်ဗျာ။