ချယ်လ်ဆီးအသင်းရဲ့ မော်ရိုကို ကစားသမား ဟာကင်ဇီယက်ရှ်ကတော့ သူ့ကို ပရီးမီးယားလိဂ်က အဲဗာတန် နယူးကာဆယ်အသင်းတွေ ကမ်းလှမ်းမှု ပြုလုပ်ထားကြပေမယ့်လည်း အဲ့ဒီကမ်းလှမ်းမှုတွေအားလုံးကို ပယ်ချခဲ့ပြီး ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ ရွေးချယ်သွားခဲ့တယ်လို့ သိရှိရပါတယ်။

PSG in talks with Chelsea to sign Hakim Ziyech – Get French Football News

Photo Credit : Get French Football News

မော်ရိုကိုလက်ရွေးစင် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ဇီယက်ရှ်ဟာ ချယ်လ်ဆီးအသင်းမှာ အနာဂတ် အခြေအနေ မှေးမှိန်နေတာကြောင့် အခု ဆောင်းဈေးကွက်ထဲမှာ ကလပ်အသင်း အပြောင်းအလဲ လုပ်ဆောင်ဖို့ စီစဉ်လာခဲ့ရာ အသင်းပေါင်းများစွာရဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဇီယက်ရှ်ကိုယ်တိုင်က ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။ လီဂူးကလပ်အသင်းကြီး ပီအက်စ်ဂျီက ဇီယက်ရှ်ကို ရာသီကုန်အထိ အငှားစာချုပ်အပြင် အငှားသက်တမ်းပြည့်ချိန်မှာပါ အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ကမ်းလှမ်းခဲ့ရာ ဒီကမ်းလှမ်းမှုကို ကစားသမားဘက်က သဘောတူညီခဲ့ပေမယ့် ကလပ်အသင်း နှစ်သင်းကြားမှာတော့ ဆက်လက် ဆွေးနွေးနေဆဲသာ ဖြစ်ပါတယ်။

PSG set for Ziyech transfer as Chelsea look to seal Fernandez deal | FootballTransfers.com

Photo Credit : Football Transfers

ဒီကမ်းလှမ်းမှု မတိုင်ခင် ဇီယက်ရှ်ကို ပရီးမီးယားလိဂ်က အဲဗာတန်နဲ့ နယူးကာဆယ်အသင်းတွေဟာလည်း ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့သေးပြီး အဲဗာတန်အသင်းဆိုရင် ဇီယက်ရှ်ကို အပြီးသတ် ခေါ်ယူဖို့ပါ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဇီယက်ရှ် ကိုယ်တိုင်က ပယ်ချသွားခဲ့တာ ဖြစ်ပါတယ်။ ဒီအသင်းတွေအပြင် စီးရီးအေက အေစီမီလန် ရိုးမားအသင်းတွေပါ ဇီယက်ရှ်ကို အလိုရှိခဲ့ပေမယ့် ဇီယက်ရှ်ကတော့ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကိုသာ စိတ်ဝင်စားခဲ့ပြီး ပဲရစ်အခြေစိုက် ကလပ်အသင်းဆီ ပြောင်းရွေ့ဖို့လည်း စိတ်အားထက်သန်လို့နေပါတယ်။ ပီအက်စ်ဂျီမှာက ဘောလုံးလောကရဲ့ GOAT ကြီး လီယွန်နယ်မက်ဆီအပြင် နေမာ ဘာပေတို့လို ဒိတ်ဒိတ်ကြဲ ကစားသမားတွေ ရှိနေသလို သူရဲ့ မော်ရိုကိုအသင်းဖော် ဟာခီမီပါ ရှိနေတာဖြစ်လို့ ဇီယက်ရှ်က ပီအက်စ်ဂျီကို ရွေးချယ်ချင်တာလည်း ဖြစ်နိုင်ပါတယ်။ ဇီယက်ရှ်ရဲ့ လက်ရှိကလပ် ချယ်လ်ဆီးကလည်း ဆောင်းရာသီဈေးကွက်ထဲမှာ ကစားသမားသစ် (၇)ဦးခန့်အထိပါ မနားတမ်း ခေါ်ယူထားခဲ့တာဖြစ်လို့ ကစားသမားတွေ ပြန်လည် ရောင်းထုတ်ဖို့ကလည်း မဖြစ်မနေ လိုအပ်နေတဲ့အတွက် ဇီယက်ရှ် အပါအဝင် ကစားသမားတချို့ကို ရောင်းထုတ်တာ အငှားချတာတွေ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။