ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးလည်းဖြစ် ရီးယဲလ်နည်းပြဟောင်းလည်းဖြစ်တဲ့ ဇီဒန်းဟာ ရီးယဲလ်နည်းပြ ရာထူးကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်းကတည်းက အခုချိန်ထိ အသင်းလက်မဲ့အဖြစ်သာ ဆက်လက်ရှိနေပေမယ့်လည်း သိပ်မကြာခင်မှာပဲ နည်းပြနယ်ပယ်ထဲကို ပြန်လည် ဝင်ရောက်လာတော့မယ်လို့ ဇီဒန်းက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

The 50-year-old (left) lifted the Champions League trophy in three successive years as head coach at Real Madrid

Photo Credit : Daily Mail

ရီးယဲလ်အသင်းကို ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်တိုက်အထိ ရယူပေးနိုင်ခဲ့တဲ့ နည်းပြဇီဒန်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအပြီးမှာပဲ ရီးယဲလ်အသင်းနဲ့ နောက်တစ်ကြိမ် လမ်းခွဲခဲ့ပြီး အခုလက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်လို့နေပါတယ်။ နာမည်ကြီး ဥရောပ ကလပ်အသင်း တစ်သင်းသင်းက နည်းပြနေရာအတွက် လစ်လပ်သွားတိုင်း အဲ့ဒီအသင်းနဲ့ သတင်းထွက်လေ့ရှိတဲ့ ဇီဒန်းဟာ လက်ရှိအချိန်ထိ ဘယ်အသင်းကိုမှ မကိုင်တွယ်ရသေးပေမယ့် သိပ်မကြာခင်မှာပဲ နည်းပြနယ်ပယ်ထဲကို သူ ပြန်လည် ဝင်ရောက်လာတော့မယ်လို့ အသိပေးသွားခဲ့ပါတယ်။

But he left his role as Madrid boss for a second time in 2021 after losing out on the league title

Photo Credit : Daily Mail

ပြင်သစ်ရဲ့ နာမည်ကြီး သတင်းမီဒီယာ RMC Sport နဲ့ အင်တာဗျူးမှာ ဇီဒန်းက “ကျွန်တော်က နည်းပြဝတ်စုံကို လွမ်းနေသလားဆိုတော့ မလွမ်းဘူးပဲ ပြောရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က မကြာခင်မှာပဲ ပြန်လာတော့မှာမို့ပါ။ ခဏလေးပဲ စောင့်ပေးကြပါ။ ကျွန်တော် နည်းပြနယ်ပယ်ထဲကို ပြန်လည် ခြေချဖို့ သိပ်မလိုတော့ပါဘူး” လို့ အသိပေး ပြောကြားသွားခဲ့ပါတယ်။ ဒီလို ထုတ်ဖော် ပြောကြားမှုနဲ့အတူ နည်းပြဇီဒန်းက ဘယ်အသင်းကိုများ ကိုင်တွယ်မလဲဆိုတာ အလွန် စိတ်ဝင်စားဖို့ကောင်းနေရပြီး ရီးယဲလ်မဟုတ်တဲ့ တခြား ကလပ်အသင်းကို ကိုင်တွယ်ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီအသင်းအတွက် ဘယ်လို အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မလဲဆိုတာပါ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။ အသင်းဟောင်း ရီးယဲလ် အပါအဝင် ပီအက်စ်ဂျီ ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ သတင်းထွက်ခဲ့သူ ဇီဒန်းဟာ လက်ရှိ အခြေအနေအရ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားအပြီးမှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ လမ်းခွဲဖွယ် ရှိနေတဲ့ ဒီဒီယာဒေ့ရှောင့်နဲ့ နေရာကို အစားထိုး ဝင်ရောက်လာဖွယ် ရှိနေပြီး ဇီဒန်းသာ ပြင်သစ်နည်းပြ ဖြစ်လာမယ်ဆိုရင် ကစားသမားဘဝနဲ့ရော နည်းပြဘဝနဲ့ပါ ကမ္ဘာ့ဖလားကို ရယူနိုင်တဲ့ ပထမဆုံးသူအဖြစ် မှတ်တမ်းဝင်နိုင်ဖွယ်လည်း ရှိနေရပါတယ်။