မကြာခဏဆိုသလို ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရလို့ မစ္စတာဖန်သားလို့ပါ နာမည်ပြောင်တပ်ဆိုခံထားရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ မနေ့ညက ကျင်းပသွားခဲဲ့တဲဲ့ ကိုပါဒယ်ရေး ၃၂သင်းအဆင့် ရှံးထွက်ပွဲစဉ်အတွင်းမှာ ရီးရဲဲလ်အသင်းအတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားလာခဲ့ကာ သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ခြေချင်းဝတ်ဒဏ်ရာ ခံစားလိုက်ရတာကြောင့် ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာပဲ လူစားလဲခဲ့ရပြီး ဒဏ်ရာအခြေအနေကတော့ သိပ်ပြင်းထန်ဖွယ်မရှိဘူးလို့ ရီးရဲလ်နည်းပြဇီဒန်းက ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Getty Images
ဒဏ်ရာပြသာနာကြောင့် စပိန်စူပါဖလားပြိုင်ပွဲတွေအပါအဝင် ပွဲတော်တော်များများမှာ ပါဝင်ကစားခွင့်မရခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ အူယွန်းနီစတက်စ်အသင်းနဲ့ ကစားခဲ့ရတဲ့ ကိုပါဒယ်ရေးရှံးထွက်ပွဲစဉ်မှာမှ ပါဝင်ကစားခဲ့ရတာဖြစ်သလို ရီးရဲလ်အတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဘေးလ်ဟာ ဒုတိယပိုင်းအတွင်းမှာ ခြေချင်းဝတ်ဒဏ်ရာကို ခံစားလာခဲ့ရလို့ ၅၂မိနစ်မှာပဲ ဘရာဟင်ဒီယက်ဇ်နဲ့ လူစားလဲကာ အနားပေးခဲ့ရပါတယ်။ ဒါပေမယ့် ဒဏ်ရာအတိမ်အနက်က ဘယ်လောက်ထိ ဆိုးရွှားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ဇီဒန်းက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Getty Images
ဇီဒန်းက “ဘေးလ်အနေနဲဲ့ သူရဲ့ခြေချင်းဝတ် အနည်းငယ်လည်သွားခဲ့တာပါ။ အရမ်းတော့ ဆိုးရွှားလိမ့်မယ်လို့ ကျွန်တော်မထင်မိပါဘူး။ ဒါပေမယ့် မနက်ဖြန်ထိတော့ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပဲလေ။ ဒီနေ့မှာ ကျွန်တော်တို့တွေ ခက်ခက်ခဲခဲ ကစားခဲဲ့ရတယ်။ ဒါက ကွင်းအခြေအနေကြောင့်လည်း ပါပါတယ်။ ဘောလုံးကို ကောင်းကောင်းရွှေ့လျားနိုင်အောင် ရုန်းကန်ခဲ့ရပြီး ပုံစံကောင်းပြနိုင်ဖို့ကလည်း ခက်ခဲလွန်းခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေကို ကျော်ဖြတ်ပြီး ၁၆သင်းအဆင့်ကို တတ်လှမ်းနိုင်ခဲ့တဲ့အပေါ်မှာတော့ ဝမ်းမြောက်မိပါတယ်” လို့ ရှင်းလင်းပြောဆိုခဲဲ့ပါတယ်။ လက်ရှိမှာ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်နေရတဲ့ ဘေးလ်ဟာ တိုက်စစ်ပိုင်း လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ သူရဲ့အသင်းဟောင်းစပါး ယူနိုက်တက်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ကစားသမားအနေနဲ့ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း မကုန်ဆုံးသေးသမျှ ဘယ်အသင်းကိုမှ ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ အေးဂျင့်ဖြစ်သူကနေ တုန့်ပြန်ပြောဆိုလို့ထားပါတယ်။
(Zawgyi)
ကိုပါဒယ်ရေးပွဲမှာ ဒဏ်ရာထပ်မံရရှိသွားခဲ့ပြန်တဲ့ ရီးရဲလ်တောင်ပံကစားသမား ဘေးလ်
မကြာခဏဆိုသလို ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရလို့ မစ္စတာဖန်သားလို့ပါ နာမည်ပြောင်တပ်ဆိုခံထားရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ ကိုပါဒယ်ရေး ၃၂သင်းအဆင့် ရှံးထွက်ပွဲစဉ်အတွင်းမှာ ရီးရဲလ်အသင်းအတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားလာခဲ့ကာ သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ခြေချင်းဝတ်ဒဏ်ရာ ခံစားလိုက်ရတာကြောင့် ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာပဲ လူစားလဲခဲ့ရပြီး ဒဏ်ရာအခြေအနေကတော့ သိပ်ပြင်းထန်ဖွယ်မရှိဘူးလို့ ရီးရဲလ်နည်းပြဇီဒန်းက ပြောဆိုသွားခဲ့ပါတယ်။