MySport Myanmar

အာဆင်နယ်ကို ဂိုးသွင်းရင် ဘောတွေ ဖြတ်ပစ်မယ်လို့ မူဒရစ်ခ်ကို ဇင်ချန်ကို ခြိမ်းခြောက်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်နဲ့ ယူကရိန်းတို့ရဲ့ အဓိက ဘယ်နောက်ခံလူ ဇင်ချန်ကိုက လက်ရွေးစင် အသင်းဖော် မူဒရစ်ခ်ကို လာမယ့် စနေနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးနဲ့ အာဆင်နယ် ပွဲစဉ်မှာ သူတို့အသင်းဘက်ကို ဂိုးမသွင်းဖို့ ခြိမ်းခြောက်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဟာသလုပ်ကာ ဖြေကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ယူကရိန်း လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ်က ဇင်ချန်ကိုနည်းတူ ယူကရိန်းရဲ့ အဓိက ကစားသမား တဦး ဖြစ်ပြီး သူက အာဆင်နယ်ရဲ့ ပြိုင်ဘက် ချယ်လ်ဆီးမှာ ကစားနေတာပါ။

Photo Credit: Mirror

မူဒရစ်ခ်က ချယ်လ်ဆီးဆီ ရောက်ကာစမှာ နိုင်ငံအပြောင်းအလဲ ၊ လိဂ်အပြောင်းအလဲတို့ကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းကောင်း တချို့ကို ထုတ်ပြလာနိုင်ပြီး ချယ်လ်ဆီးအတွက် သွင်းဂိုး ၁ဂိုးလည်း သွင်းယူပေးထားနိုင်ပါတယ်။

ဒါ့အပြင် မူဒရစ်ခ်က ယူကရိန်းအတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ မော်လ်တာနဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုး ၁ဂိုးကို သွင်းယူပေးခဲ့ပြီး တဖြည်းဖြည်းနဲ့ ခြေစွမ်းတက်လာတဲ့ မူဒရစ်ခ်ဟာ စနေနေ့ညမှာ ကစားမယ့် လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ် အတွက် ခြိမ်းခြောက်မှု တခု ဖြစ်လာနိုင်ပါတယ်။

Photo Credit: Tribuna

ဒါကြောင့်ပဲ မော်လ်တာ ၀-၃ ယူကရိန်း ပွဲအပြီးမှာ သတင်းထောက်တွေက ဇင်ချန်ကိုကို လာမယ့် စနေနေ့ညမှာ မူဒရစ်ခ်ကို ဘယ်လို ထိန်းဖို့ စီစဉ်ထားလဲ ဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ကြပြီး ဇင်ချန်ကိုကတော့ သတင်းထောက်တွေရဲ့ မေးခွန်းကို ရယ်စရာကောင်းတဲ့ အဖြေတခုနဲ့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

ဇင်ချန်ကိုက – “ကျွန်တော့်ရဲ့ ဆန္ဒကို မူဒရစ်ခ် သိအောင် ပြောပြီးပါပြီ။ ကျွန်တော်က သူ့ကို “မင်း ငါတို့ဘက်ကို ဂိုးသွင်းခဲ့ရင် ဒါမှမဟုတ် ဂိုးသွင်းဖို့ ကြိုးစားခဲ့ရင် ၊ မင်းရဲ့ ဘောတွေကို ငါ ဖြတ်ပစ်မယ်” လို့ ပြောထားပါတယ်။ (ရယ်လျက်) ဒါပေမယ့် ဒီနေ့မှာ အရေးအကြီးဆုံးက ကျွန်တော်တို့အသင်း အနိုင် ၃မှတ် ရခဲ့တာပါပဲ။ ကျွန်တော်တို့ နိုင်ပွဲ ရခဲ့လို့ နိုင်ငံအသင်း အတွက် ပျော်မိသလို ဂိုးသွင်းနိုင်ခဲ့တဲ့ မူဒရစ်ခ်အတွက်လည်း ပျော်ပါတယ်။ ဒီဂိုးကြောင့် သူက ဖိအား တချို့ကို လျှော့ချနိုင်ခဲ့တယ်လေ” လို့ ပြောကြားသွားခဲ့တာပါ။

Exit mobile version