နည္းျပ ဇီဒန္းဟာ မေန႔ညက ကစားသြားတဲ့ စူပါကုိပါ ဖလား ဗုိလ္လုပြဲစဥ္မွာ အက္သလက္တီကုိ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏုိင္ရ ဗုိလ္စဲြခဲ့တာေၾကာင့္ ဗုိလ္လုပဲြ (၉) ႀကိမ္ တက္ေရာက္ခဲ့ရာမွာ (၉) ႀကိမ္စလုံးဗုိလ္စဲြခဲ့ပါတယ္။ နည္းျပ ဇီဒန္းဟာ ရီးရဲလ္အသင္းအတြက္ ခ်န္ပီယံလိဂ္ ဖလားကုိ ပထမဆုံး ရယူေပးခဲ့ၿပီး (၂၀၁၆) ခုႏွစ္ ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြမွာ အက္သလက္တီကုိအသင္းကုိ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ ႏုိင္ရၿပီး ရီးရဲလ္အသင္းအတြက္ ပထမဆုံးဖလား ရယူေပးခဲ့ပါတယ္။

Photo Credit: Marca

နည္းျပ ဇီဒန္းဟာ ရီးရဲလ္အသင္းက ထြက္သြားခဲ့ေပမဲ့ ရီးရဲလ္အသင္းကို ဒုတိယေျမာက္ အႀကိမ္ျပန္လည္ နည္းျပခဲ့ၿပီး ရီးရဲလ္ နည္းျပအျဖစ္ ဒုတိယ အႀကိမ္ ျပန္လာတဲ့ အခ်ိန္မွာလည္း ပထမအႀကိမ္ကလုိ ဗုိလ္လုပဲြမွာ ေအာင္ျမင္မႈ ရရွိခဲ့ျပန္ပါတယ္။ နည္းျပ ဇီဒန္းကေတာ့ ရီးရဲလ္အသင္းနဲ႔ အတူ ဗုိလ္လုပဲြစဥ္ (၉) ႀကိမ္ တက္ေရာက္ခဲ့ရာမွာ (၁) ႀကိမ္မွ မရႈံးခဲ့ဘဲ (၉) ႀကိမ္စလုံး အႏုိင္ယူ ဗုိလ္စဲြခဲ့ၿပီး (၉) ႀကိမ္စလုံး အႏုိင္ရႏုိင္တာက ရီးရဲလ္အသင္းေၾကာင့္ ျဖစ္မယ္လုိ႔ ေျပာခဲ့ပါတယ္။

Photo Credit: Marca

ရီးရဲလ္ နည္းျပ ဇီဒန္းက “ေနာက္ဆုံးေတာ့ ကြ်န္ေတာ္တုိ႔ စည္းလုံးခဲ့တယ္။ ၿပိဳင္ပဲြကုိ ေကာင္းစြာ ျပင္ဆင္ခဲ့တယ္။ ဗုိလ္လုပဲြ (၉) ႀကိမ္ တက္ခဲ့ၿပီး (၉) ႀကိမ္စလုံး ဘာလုိ႔ ဗုိလ္စဲြတာလဲ ဆုိတာကုိ မသိပါဘူး။ ဒါက ဒီအသင္းေၾကာင့္ပဲ ျဖစ္မွာပါ။ လြယ္ေတာ့မလြယ္ဘူး။ စိတ္ရွည္ဖုိ႔ နဲ႔ စိတ္ျငိမ္ဖုိ႔ လုိပါတယ္။ ပထမပုိင္းမွာ ဂုိးဘယ္လုိ ရႏုိင္မလဲ ဆုိတာ မသိဘူး။ ဒါေပမဲ့ စိတ္ရွည္ခဲ့ၾကပါတယ္။ အဆုံးအထိ ယုံၾကည္ခဲ့ပါတယ္။ ဆုဖလား ရတာ ဘယ္ေတာ့မွ မလြယ္ပါဘူး”လုိ႔ ေျပာပါတယ္။

{Unicode}

နည်းပြ ဇီဒန်းဟာ မနေ့ညက ကစားသွားတဲ့ စူပါကိုပါ ဖလား ဗိုလ်လုပွဲစဉ်မှာ အက်သလက်တီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာကြောင့် ဗိုလ်လုပွဲ (၉) ကြိမ် တက်ရောက်ခဲ့ရာမှာ (၉) ကြိမ်စလုံးဗိုလ်စွဲခဲ့ပါတယ်။ နည်းပြ ဇီဒန်းဟာ ရီးရဲလ်အသင်းအတွက် ချန်ပီယံလိဂ် ဖလားကို ပထမဆုံး ရယူပေးခဲ့ပြီး (၂၀၁၆) ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အက်သလက်တီကိုအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်ရပြီး ရီးရဲလ်အသင်းအတွက် ပထမဆုံးဖလား ရယူပေးခဲ့ပါတယ်။

Photo Credit: Marca

နည်းပြ ဇီဒန်းဟာ ရီးရဲလ်အသင်းက ထွက်သွားခဲ့ပေမဲ့ ရီးရဲလ်အသင်းကို ဒုတိယမြောက် အကြိမ်ပြန်လည် နည်းပြခဲ့ပြီး ရီးရဲလ် နည်းပြအဖြစ် ဒုတိယ အကြိမ် ပြန်လာတဲ့ အချိန်မှာလည်း ပထမအကြိမ်ကလို ဗိုလ်လုပွဲမှာ အောင်မြင်မှု ရရှိခဲ့ပြန်ပါတယ်။ နည်းပြ ဇီဒန်းကတော့ ရီးရဲလ်အသင်းနဲ့ အတူ ဗိုလ်လုပွဲစဉ် (၉) ကြိမ် တက်ရောက်ခဲ့ရာမှာ (၁) ကြိမ်မှ မရှုံးခဲ့ဘဲ (၉) ကြိမ်စလုံး အနိုင်ယူ ဗိုလ်စွဲခဲ့ပြီး (၉) ကြိမ်စလုံး အနိုင်ရနိုင်တာက ရီးရဲလ်အသင်းကြောင့် ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Marca

ရီးရဲလ် နည်းပြ ဇီဒန်းက “နောက်ဆုံးတော့ ကျွန်တော်တို့ စည်းလုံးခဲ့တယ်။ ပြိုင်ပွဲကို ကောင်းစွာ ပြင်ဆင်ခဲ့တယ်။ ဗိုလ်လုပွဲ (၉) ကြိမ် တက်ခဲ့ပြီး (၉) ကြိမ်စလုံး ဘာလို့ ဗိုလ်စွဲတာလဲ ဆိုတာကို မသိပါဘူး။ ဒါက ဒီအသင်းကြောင့်ပဲ ဖြစ်မှာပါ။ လွယ်တော့မလွယ်ဘူး။ စိတ်ရှည်ဖို့ နဲ့ စိတ်ငြိမ်ဖို့ လိုပါတယ်။ ပထမပိုင်းမှာ ဂိုးဘယ်လို ရနိုင်မလဲ ဆိုတာ မသိဘူး။ ဒါပေမဲ့ စိတ်ရှည်ခဲ့ကြပါတယ်။ အဆုံးအထိ ယုံကြည်ခဲ့ပါတယ်။ ဆုဖလား ရတာ ဘယ်တော့မှ မလွယ်ပါဘူး”လို့ ပြောပါတယ်။