ရီးရဲလ် မက်ဒရစ် နည်းပြ ဇီဒန်းအနေနဲ့ ရှေ့လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ကွင်းလယ်လူ ပေါ့ဘာ နဲ့ ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး လာမယ့် ရာသီက စပြီး အသင်းရဲ့ ကစားဟန်ကို လုံးဝ ပြောင်းလဲချင်နေတာပဲ ဖြစ်ပါတယ်။ AS သတင်းက ဖော်ပြခဲ့တာကတော့ ရီးရဲလ် နည်းပြ ဇီဒန်းဟာ လာမယ့် ရာသီက စပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ကစားတာကို လျှော့ပြီး တန်ပြန်တိုက်စစ်နဲ့ ပိုကစားသွားတော့မှာ ဖြစ်တာကြောင့် ပေါ့ဘာ နဲ့ ဟာလန်းကို နွေရာသီ အပြောင်းအရွေ့မှာ ခေါ်ယူချင်နေပါတယ်။

Photo Credit: Dailymail

ပြင်သစ်လူမျိုး နည်းပြ ဇီဒန်းဟာ မန်ယူ ကွင်းလယ်လူ ပေါ့ဘာကို အလွန် သဘောကျနေခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ ကတည်းက တစ်နိုင်ငံသားချင်း ဖြစ်တဲ့ ပြင်သစ် ကွင်းလယ် ကစားသမား ပေါ့ဘာကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူအသင်းနဲ့ ချိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဇီဒန်းဟာ ကွင်းလယ်လူ ပေါ့ဘာကို ကွင်းလယ်လူ ကာစီမဲရိုရဲ့ ရှေ့မှာ ကွင်းလယ်လူ တိုနီ ခရု့စ်နဲ့ တွဲကစားစေချင်တာ ဖြစ်ပြီး တကယ်လို့ ကွင်းလယ်လူ ပေါ့ဘာကသာ ရီးရဲလ် မက်ဒရစ်အသင်းကို ရောက်လာရင် ရီးရဲလ် ကွင်းလယ်လူ ဗယ်ဗာဒီ ပွဲထွက်ခွင့် နည်းပါးသွားနိုင်ပါတယ်။

Photo Credit: Dailymail

ရီးရဲလ်အသင်းဟာ အသက် (၃၀) ကျော်လာပြီ ဖြစ်တဲ့ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဖြစ်သူ ဘန်ဇီမာနဲ့ တွဲကစားဖို့ လူငယ် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူချင်နေလျက် ရှိပြီး ဒီရာသီမှာ ဒေါ့မွန်အသင်းနဲ့ အတူ ခြေစွမ်းပြနေတဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူချင်နေပါတယ်။ တိုက်စစ်မှူး ဘန်ဇီမာဟာ လက်ရှိရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၁၉) ဂိုး သွင်းယူခဲ့ပေမဲ့လည်း ဟာလန်းရဲ့ သွင်းဂိုးကိုတော့ မမှီနိုင်ဘဲ တိုက်စစ်မှူး ဟာလန်းကတော့ လက်ရှိရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၄၀) ဂိုးအထိတေင်မှ သွင်းခဲ့ပါတယ်။ ရီးရဲလ် ကစားသမားတွေ ဖြစ်ကြတဲ့ ရာမို့စ်၊ မိုဒရစ်၊ မာဆယ်လို၊ တိုနီ ခရု့စ်တို့ဟာလည်း အသက် (၃၀) ကျော်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်တာကြောင့် ရီးရဲလ် နည်းပြ ဇီဒန်းဟာ နေရာစုံအတွက် လူငယ် ကစားသမားတွေကို ခေါ်ယူချင်နေပြီး ပေါ့ဘာ နဲ့ ဟာလန်းကို ချိန်ရွယ်နေပါတယ်။