ရီးရဲလ္ နည္းျပ ဇီဒန္းက နည္းျပ ဗယ္ဗာဒီဟာ အလြန္ ေကာင္းမြန္တာေၾကာင့္ ဘာစီလုိနာ နည္းျပ အျဖစ္ကေန ထုတ္ပယ္ခံရလုိက္တာအတြက္ စိတ္မေကာင္းဘူးလုိ႔ ေျပာခဲ့ၿပီး နည္းျပ ဗယ္ဗာဒီကုိ သေဘာက်တယ္လုိ႔လည္း ေျပာခဲ့ပါတယ္။ ရီးရဲလ္အသင္းဟာ လာလီဂါ ဆုဖလား (၂) ႏွစ္ဆက္ ရယူေပးခဲ့တဲ့ နည္းျပ ဗယ္ဗာဒီကုိ ထုတ္ပယ္ခဲ့ၿပီး နည္းျပသက္တမ္း တစ္ေလွ်ာက္ ဆုဖလား (၁) ႀကိမ္မွ မရခဲ့ဖူးတဲ့ နည္းျပ ဆက္တီယန္ကုိ နည္းျပသစ္ အျဖစ္ ခန္႔အပ္သြားခဲ့ၾကတာ ျဖစ္ပါတယ္။

Photo Credit: Sportskeeda

နည္းျပ ဆက္တီယန္ဟာ ရီးရဲလ္ ဘက္တစ္ နည္းျပေဟာင္း ျဖစ္ၿပီး၊ စာခ်ဳပ္ မျပည့္ခင္မွာ နည္းျပ အျဖစ္ကေန ထုတ္ပယ္ခံရသလို သူ ထုတ္ပယ္ခံလိုက္ရတဲ့ အခ်ိန္မွာ ရီးရဲလ္ဘက္တစ္အသင္းက အဆင့္ (၇) ေနရာ ရရွိခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ကိုပါစူပါဖလား ၿပိဳင္ပြဲက ထြက္ခြာရၿပီး သိပ္မၾကာခင္မွာ နည္းျပ ဗယ္ဗာဒီကို ထုတ္ပယ္လိုက္ၿပီလို႔ အတည္ျပဳခဲ့ၿပီး ရီးရဲလ္ နည္းျပ ဇီဒန္းက နည္းျပ ဗယ္ဗာဒီက သူ႔ရဲ႕အလုပ္ကို ဆုံးရႈံးခဲ့တာအတြက္ စိတ္မေကာင္းဘူးလို႔ ေျပာခဲ့ပါတယ္။

Photo Credit: Sportskeeda

နည္းျပ ဇီဒန္းက “ကြ်န္ေတာ္ သူ႔အတြက္ စိတ္မေကာင္းပါဘူး။ ဒါက ကြ်န္ေတာ္ ေျပာႏုိင္တာပါပဲ။ အေျခအေနကေတာ့ မေကာင္းခဲ့ပါဘူး။ ဒါေပမဲ့ သူက သူ အလြန္ ေကာင္းတယ္ ဆုိတာကုိ အျမဲ ျပသခဲ့တဲ့ နည္းျပပါပဲ။ သူ႔ကုိ အလြန္ သေဘာက်ပါတယ္။ အသင္းတုိင္း နဲ႔ အေျခအေနတုိင္းဟာ မတူပါဘူး။ နည္းျပတုိင္းက သူတုိ႔ ဘာလုပ္ေနလဲ ဆုိတာ နဲ႔ သူတုိ႔ ဘယ္ေရာက္ေနလဲ ဆုိတာကုိ သိၾကပါတယ္။ ဗယ္ဗာဒီ သူ႔ရဲ႕ အလုပ္ကုိ ဆုံးရႈံးရေတာ့ စိတ္မေကာင္းပါဘူး”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

ရီးရဲလ် နည်းပြ ဇီဒန်းက နည်းပြ ဗယ်ဗာဒီဟာ အလွန် ကောင်းမွန်တာကြောင့် ဘာစီလိုနာ နည်းပြ အဖြစ်ကနေ ထုတ်ပယ်ခံရလိုက်တာအတွက် စိတ်မကောင်းဘူးလို့ ပြောခဲ့ပြီး နည်းပြ ဗယ်ဗာဒီကို သဘောကျတယ်လို့လည်း ပြောခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လာလီဂါ ဆုဖလား (၂) နှစ်ဆက် ရယူပေးခဲ့တဲ့ နည်းပြ ဗယ်ဗာဒီကို ထုတ်ပယ်ခဲ့ပြီး နည်းပြသက်တမ်း တစ်လျှောက် ဆုဖလား (၁) ကြိမ်မှ မရခဲ့ဖူးတဲ့ နည်းပြ ဆက်တီယန်ကို နည်းပြသစ် အဖြစ် ခန့်အပ်သွားခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

နည်းပြ ဆက်တီယန်ဟာ ရီးရဲလ် ဘက်တစ် နည်းပြဟောင်း ဖြစ်ပြီး၊ စာချုပ် မပြည့်ခင်မှာ နည်းပြ အဖြစ်ကနေ ထုတ်ပယ်ခံရသလို သူ ထုတ်ပယ်ခံလိုက်ရတဲ့ အချိန်မှာ ရီးရဲလ်ဘက်တစ်အသင်းက အဆင့် (၇) နေရာ ရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကိုပါစူပါဖလား ပြိုင်ပွဲက ထွက်ခွာရပြီး သိပ်မကြာခင်မှာ နည်းပြ ဗယ်ဗာဒီကို ထုတ်ပယ်လိုက်ပြီလို့ အတည်ပြုခဲ့ပြီး ရီးရဲလ် နည်းပြ ဇီဒန်းက နည်းပြ ဗယ်ဗာဒီက သူ့ရဲ့အလုပ်ကို ဆုံးရှုံးခဲ့တာအတွက် စိတ်မကောင်းဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Sportskeeda

နည်းပြ ဇီဒန်းက “ကျွန်တော် သူ့အတွက် စိတ်မကောင်းပါဘူး။ ဒါက ကျွန်တော် ပြောနိုင်တာပါပဲ။ အခြေအနေကတော့ မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ သူက သူ အလွန် ကောင်းတယ် ဆိုတာကို အမြဲ ပြသခဲ့တဲ့ နည်းပြပါပဲ။ သူ့ကို အလွန် သဘောကျပါတယ်။ အသင်းတိုင်း နဲ့ အခြေအနေတိုင်းဟာ မတူပါဘူး။ နည်းပြတိုင်းက သူတို့ ဘာလုပ်နေလဲ ဆိုတာ နဲ့ သူတို့ ဘယ်ရောက်နေလဲ ဆိုတာကို သိကြပါတယ်။ ဗယ်ဗာဒီ သူ့ရဲ့ အလုပ်ကို ဆုံးရှုံးရတော့ စိတ်မကောင်းပါဘူး”လို့ ပြောခဲ့ပါတယ်။