ရီးရဲလ္အသင္းကေတာ့ မေန႔ညက ကစားသြားခဲ့တဲ့ ပြဲစဥ္မွာ ပြဲခ်ိန္ (၇၈) မိနစ္က နာခ်ိဳရဲ႕ သြင္းဂိုးနဲ႔ ဗယ္လာဒိုးလစ္အသင္းကို (၁-ဝ) နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ လာလီဂါ အမွတ္ေပး ဇယားကို (၃) မွတ္ျဖတ္ ဦးေဆာင္သြားခဲ့ပါတယ္။ ရီးရဲလ္ နည္းျပ ဇီဒန္းကေတာ့ ဗယ္လာဒိုးလစ္အသင္းကို အႏိုင္ရတာအတြက္ အလြန္ ေပ်ာ္ေပမယ့္လည္း ကစားရမယ့္ ပြဲစဥ္ေတြ အမ်ားႀကီး က်န္ေနေသးလို႔ ရမွတ္ (၃) မွတ္ ျဖတ္ၿပီး ဦးေဆာင္ရတာက ဘာမွ မေျပာင္းလဲပါဘူးလို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Gettyimage

ရီးရဲလ္အသင္းဟာ လာလီဂါ ပြဲစဥ္ (၂၁) ပြဲ ကစားၿပီးတဲ့ အခ်ိန္မွာ ရမွတ္ (၄၆) မွတ္ ရရွိႏိုင္ခဲ့ၿပီး အဆင့္ (၂) ေနရာက ရမွတ္ (၄၃) မွတ္နဲ႔ ရပ္တည္ေနတဲ့ ဘာစီလိုနာအသင္းကို ရမွတ္ (၃) မွတ္ ျဖတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ရီးရဲလ္အသင္းဟာ လက္ရွိရာသီ လာလီဂါ ၿပိဳင္ပြဲမွာ (၁) ပြဲသာ ရႈံးၿပီး ရီးရဲလ္ နည္းျပ ဇီဒန္းက ပြဲစဥ္ (၁၇) ပြဲ ကစားရမွာ ျဖစ္တဲ့ အတြက္ေၾကာင့္ လက္ရွိအခ်ိန္မွာ (၃) မွတ္ျဖတ္ ဦးေဆာင္ေနတာက သူတို႔အတြက္ ဘာမွ မေျပာင္းလဲ သြားပါဘူးလို႔ ေျပာခဲ့ပါတယ္။

Photo Credit: Gettyimage

နည္းျပ ဇီဒန္းက “ကြၽန္ေတာ္တို႔အတြက္ေတာ့ ဘာမွ မေျပာင္းလဲသြားပါဘူး။ ႏိုင္ပြဲ ရရွိတာအတြက္၊ အလုပ္ၿပီးေျမာက္သြားတာအတြက္၊ အဆုံးထိ တိုက္ပြဲဝင္သြားတာအတြက္ ေပ်ာ္႐ြင္ၾကပါတယ္။ ဒါေပမဲ့ ဘာမွ မေျပာင္းလဲသြားပါဘူး။ ပြဲစဥ္ (၁၇) ပြဲ က်န္ပါေသးတယ္။ အဆုံးထိ ဆက္ၿပီးေတာ့ တိုက္ပြဲဝင္ေနၾကဦးမွာပါ။ ခ်န္ပီယံအေၾကာင္းကို မေျပာခ်င္ပါဘူး။ ဘာလို႔လဲဆိုရင္ ကစားရမယ့္ ပြဲစဥ္ အမ်ားႀကီး ရွိေနေသးလို႔ပါ။ ဦးေဆာင္ေနရလို႔ ဘာမွ မေျပာင္းလဲပါဘူး”လို႔ ေျပာခဲ့ပါတယ္။

(Unicode)

ရီးရဲလ်အသင်းကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် (၇၈) မိနစ်က နာချိုရဲ့ သွင်းဂိုးနဲ့ ဗယ်လာဒိုးလစ်အသင်းကို (၁-ဝ) နဲ့ အနိုင်ရရှိခဲ့တာကြောင့် လာလီဂါ အမှတ်ပေး ဇယားကို (၃) မှတ်ဖြတ် ဦးဆောင်သွားခဲ့ပါတယ်။ ရီးရဲလ် နည်းပြ ဇီဒန်းကတော့ ဗယ်လာဒိုးလစ်အသင်းကို အနိုင်ရတာအတွက် အလွန် ပျော်ပေမယ့်လည်း ကစားရမယ့် ပွဲစဉ်တွေ အများကြီး ကျန်နေသေးလို့ ရမှတ် (၃) မှတ် ဖြတ်ပြီး ဦးဆောင်ရတာက ဘာမှ မပြောင်းလဲပါဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

ရီးရဲလ်အသင်းဟာ လာလီဂါ ပွဲစဉ် (၂၁) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၄၆) မှတ် ရရှိနိုင်ခဲ့ပြီး အဆင့် (၂) နေရာက ရမှတ် (၄၃) မှတ်နဲ့ ရပ်တည်နေတဲ့ ဘာစီလိုနာအသင်းကို ရမှတ် (၃) မှတ် ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိရာသီ လာလီဂါ ပြိုင်ပွဲမှာ (၁) ပွဲသာ ရှုံးပြီး ရီးရဲလ် နည်းပြ ဇီဒန်းက ပွဲစဉ် (၁၇) ပွဲ ကစားရမှာ ဖြစ်တဲ့ အတွက်ကြောင့် လက်ရှိအချိန်မှာ (၃) မှတ်ဖြတ် ဦးဆောင်နေတာက သူတို့အတွက် ဘာမှ မပြောင်းလဲ သွားပါဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Gettyimage

နည်းပြ ဇီဒန်းက “ကျွန်တော်တို့အတွက်တော့ ဘာမှ မပြောင်းလဲသွားပါဘူး။ နိုင်ပွဲ ရရှိတာအတွက်၊ အလုပ်ပြီးမြောက်သွားတာအတွက်၊ အဆုံးထိ တိုက်ပွဲဝင်သွားတာအတွက် ပျော်ရွင်ကြပါတယ်။ ဒါပေမဲ့ ဘာမှ မပြောင်းလဲသွားပါဘူး။ ပွဲစဉ် (၁၇) ပွဲ ကျန်ပါသေးတယ်။ အဆုံးထိ ဆက်ပြီးတော့ တိုက်ပွဲဝင်နေကြဦးမှာပါ။ ချန်ပီယံအကြောင်းကို မပြောချင်ပါဘူး။ ဘာလို့လဲဆိုရင် ကစားရမယ့် ပွဲစဉ် အများကြီး ရှိနေသေးလို့ပါ။ ဦးဆောင်နေရလို့ ဘာမှ မပြောင်းလဲပါဘူး”လို့ ပြောခဲ့ပါတယ်။