စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ မနေ့ညက မက်ဒရစ် ဒါဘီ ပွဲစဉ်အဖြစ် အက်တလက်တီကို မက်ဒရစ် အသင်း နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အသင်းက ကတ်စမဲရိုး ရဲ့ သွင်းဂိုးနဲ့ အော့ဘလတ်(og) ရဲ့ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီးတော့ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြ ဖြစ်သူ ဇီဒန်း ကတော့ အဆိုပါ နိုင်ပွဲ အတွက် အတော်လေး ပျော်ရွှင်လျက် ရှိနေပြီးတော့ ပွဲအပြီးမှာ သူ့ရဲ့ ကစားသမားတွေကို မီဒီယာတွေရှေ့မှာ ချီးကျူး စကား‌တွေ တသီကြီး‌ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express

ဆီဗီလာ၊ မိုချန်ဂါလာဘတ် စတဲ့ အရေးကြီးတဲ့ ပွဲစဉ်တွေမှာလည်း အနိုင်ရလဒ်ရရှိအောင် ကစားနိုင်ခဲ့တဲ့ အပြင် လာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ ဒါဘီပြိုင်ဘက် အက်တလက်တီကို မက်ဒရစ် ကိုလည်း အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ်လူမျိုးနည်းပြ ဇီဒန်း အတွက်တော့ ပြီးပြည့်စုံတဲ့ ရက်သတ္တပတ် တွေ ဖြတ်သန်းနေတယ်လို့တောင် ဆိုရပါမယ်။ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ ဇယားထိပ်က အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပေမယ့်လည်း လုံးဝ တွန့်ဆုတ်မနေပဲ ပွဲအစကနေ အဆုံးထိ တစ်ပွဲလုံးကို ထိန်းချုပ် ကစားခဲ့ကြပါတယ်။ ကွင်းလယ်မှာဆိုရင်လည်း လူကာ မိုဒရစ် နဲ့ တိုနီ ခရူးစ် တို့နှစ်ယောက်ရဲ့ အတွဲအဖက်ကလည်း လုံးဝ ကောင်းနေခဲ့ပြီးတော့ အလုပ်ဖြစ်ခဲ့ပါတယ်။

Photo Credit: Express

နည်းပြ ဇီဒန်း ကတော့ ပွဲအပြီးမှာ သူ့ရဲ့ ကစားကွက် ကို ရှင်းပြခဲ့ပြီးတော့ ကစားသမားတွေကို ချီးကျုးစကားတွေ အခုလိုပဲ ဆိုခဲ့ပါတယ်။ “ ကျွန်တော်တို့ သူတို့ကို အခွင့်အရေးလုံးဝ မပေးရအောင် ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိခဲ့ပါတယ်။ ကစားသမားတွေ အနေနဲ့ လျင်လျင်မြန်မြန် နဲ့ နေရာ ရွှေ့ကစားလိုက်တာနဲ့ ကျွန်တော်တို့ နေရာလွတ်တွေကို ထောင့်ဖြတ်တွေမှာ ရှာတွေ့နိုင်ခဲ့ပါတယ်။ မိုဒရစ် နဲ့ ကရူးစ် တို့နှစ်ယောက်က စောက်ရမ်း ကောင်းလွန်းနေခဲ့တယ်။ သူတို့ နှစ်ဦးက ခြွင်းချက် မရှိတဲ့ ကစားသမားတွေပဲ။ ဘန်ဇီမာလည်း အတူတူပဲ။ လူကတ်စ် ဗက်စ်ကပ် ကလည်း ထူးခြားနေတယ်။ ပြီးတော့ ဒန်နီ ကာဗာဂျယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကပ္ပတိန် ဆာဂျီယို ရာမို့စ်၊ ရာဖေးလ် ဗာရိမ်း။ ကစားသမားတိုင်းက အတော်လေး ကောင်း‌နေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲတုန်းကလို တစ်ပွဲလုံးနဲ့ ပတ်သက်ပြီး ကျွန်တော် ကျေနပ်အားရပါတယ်။ ပြီးတော့ ဒါက ၂၆ ပွဲဆက် ရှုံးပွဲမရှိတဲ့ အက်သလက်တီကို မက်ဒရစ် အသင်းကို ရင်ဆိုင်ခဲ့ရတာပါ။ အက်တလက်တီကို မက်ဒရစ် အသင်းကို ဘောလုံးပေးမကစားပဲ ကွင်းရဲ့ ဘေးဘက်ခြမ်းတွေမှာ အကောင်းဆုံး ဖိအားပေး ကစားနိုင်ခဲ့တယ်။ သူတို့ ဆောလ် နီးဂတ်စ် နဲ့ အခွင့်အရေး တစ်ကြိမ်ပဲ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ တစ်ပွဲလုံးကို ကောင်းကောင်း ထိန်းကစားနိုင်ခဲ့တယ် ” လို့ ချီးကျုး စကားပြောဆိုသွားခဲ့ပါတယ်။