MySport Myanmar

ဇီဒန်းအစ်ဘယ်လ်ကို ဒီရာသီ အသင်းမှာပဲ ဆက်လက်ထားရှိဖွယ် ရှိနေတဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းရဲ့ အကယ်ဒမီထွက် လူငယ်ကစားသမားလေး ဇီဒန်းအစ်ဘယ်လ်ကို ဒီနွေဈေးကွက်အတွင်းမှာ အခြားသော ကလပ်အသင်း တစ်သင်းဆီကို အငှားချခြင်း မပြုလုပ်ပဲ အစ်ဘယ်လ်ရဲ့ တိုးတတ်မှုကို ကူညီနိုင်ဖို့အတွက် အသင်းမှာသာ ဆက်လက်ထားရှိဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် အီရတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ဇီဒန်းဘစ်အယ်လ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ မန်ယူနိုက်တက်အသင်းအတွက် မိနစ်အနည်းငယ်ခန့် စတင် ပါဝင်ကစားပေးခွင့် ရရှိခဲ့ပြီး အခု ဇူလိုင်လထဲမှာ ကျင်းပနေခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာလည်း အသင်းအတွက် ပွဲ(၄)ပွဲ မိနစ်ပေါင်း (၁၃၉)မိနစ်အထိ ကစားခွင့် ရရှိခဲ့သလို နည်းပြတန်ဟက်ဂ်နဲ့ မန်ယူနိုက်တက် ပရိသတ်တွေ အလွန်သဘောကျသွားအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ တန်ဟက်ဂ်က ဒီကစားသမားလေးကို လာမယ့် ဘောလုံးရာသီအတွင်း အသင်းမှာ ဆက်ထားပြီး သူရဲ့ ခြေစွမ်းပိုင်းတွေ ပိုမို တိုးတတ်လာအောင် ကူညီပေးသွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : News Post US Zero

နယ်သာလန်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်က မန်ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူပြီး ပထမဆုံး ပြုလုပ်ခဲ့တဲ့ အသင်းလိုက် လေ့ကျင့်ခန်း အစီအစဉ်မှာ အီရတ် ဆယ်ကျော်သက် ကစားသမားလေး ဇီဒန်းအစ်အယ်လ်ရဲ့ ခြေစွမ်းတွေကို သတိထားလာမိကာ သူ့လို စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အစ်ဘယ်လ်ကို ပြီးခဲ့တဲ့ရာသီအတွင်း အသင်းမှာ နေရာ သိပ်မပေးခဲ့တာကို အံ့သြမိတယ်လို့ပါ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီလို ပြောဆိုပြီးနောက်ပိုင်း အစ်ဘယ်လ်ကို လီဗာပူးလ် မဲလ်ဘုန်းဗစ်ထရီ ခရစ္စတယ်ပဲလေ့စ် အက်စတွန်ဗီလာအသင်းတွေနဲ့သာ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစွမ်းပွဲစဉ်တွေအတွင်း ကစားခွင့် ပေးလာခဲ့ပါတယ်။ Central Midfield နေရာမှာ ကစားတတ်တဲ့ အစ်ဘယ်လ်ဟာ ကစားခွင့်ရတဲ့ ပွဲတိုင်းမှာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသခဲ့သလို လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာပါ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသခဲ့တာကြောင့် မန်ယူနိုက်တက် ပရိသတ်တွေက အသင်းရဲ့ အဓိကပစ်မှတ် ဖရန်ကီဒီယောင်းကို မရမက ကမ်းလှမ်းနေတာထက် အစ်ဘယ်လ်ကိုသာ အသင်းမှာ နေရာပေးသင့်တယ်လို့ပါ တိုက်တွန်းလာခဲ့ကြပါတယ်။ မကြာသေးခင်ကမှ မန်ယူနိုက်တက်နဲ့ ၂၀၂၅ခုနှစ်အထိ သက်တမ်းတိုးထားခဲ့တဲ့ အစ်ဘယ်လ်ကို တန်ဟက်ဂ်က လာမယ့်ရာသီမှာ အသင်းရဲ့ လူစာရင်းအတွင်း နေရာပေးသွားဖို့ ဆန္ဒရှိနေပြီး ဒီအခွင့်အရေးကိုလည်း အစ်ဘယ်လ်ဘက်ကနေ အကောင်းဆုံး အသုံးချသွားဖွယ် ရှိနေပါတယ်။

Exit mobile version