ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဟောင်း ဇီဒန်းဟာ ရီးယဲလ်နဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက်ပိုင်း အခုအချိန်အထိ နောက်ထပ် အသင်းတစ်သင်းကို ကိုင်တွယ်ခြင်း မရှိသေးပဲ အသင်းလက်မဲ့အဖြစ်သာ ရှိနေရာ ဆော်ဒီ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းက ဇီဒန်းကို နည်းပြသစ်အဖြစ် ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကိုတော့ ဇီဒန်းဘက်က ပယ်ချသွားခဲ့ပါတယ်။

Photo Credit :Football Espana

ရီးယဲလ်အသင်းကို ကိုင်တွယ်ပြီး ချန်ပီယံလိဂ်ဖလား (၃)ကြိမ်ဆက်တိုက်အထိ ရယူပေးနိုင်ခဲ့တဲ့ နည်းပြဇီဒန်းက အသင်းအတွက် ဒီလို သမိုင်းဝင် အောင်မြင်မှုကြီးကို ရယူပေးခဲ့ပြီးနောက် အသင်းနဲ့ လက်တွဲဖြုတ်ခဲ့တာ ဖြစ်ပါတယ်။ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇီဒန်းကို ဥရောပက ကလပ်အသင်းပေါင်း များစွာက ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့သလို အခုလည်း ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကပါ မက်မောလောက်စရာ ကမ်းလှမ်းမှုကြီးတစ်ရပ်နဲ့ ကမ်းလှမ်းထားခဲ့ပါသေးတယ်။

Photo Credit : Marca

ခရစ္စတီယာနိုရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းက ရော်နယ်လ်ဒိုနဲ့အတူ ရီးယဲလ်မှာ လက်တွဲခဲ့ဖူးတဲ့ ဇီဒန်းကို တစ်နှစ် လုပ်ခ ယူရို သန်း(၁၅၀)နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာ ဇီဒန်းက ပယ်ချသွားခဲ့ပါတယ်။ ဇီဒန်းက အယ်လ်နာဆာလို အရှေ့အလယ်ပိုင်း ကလပ်အသင်းတွေကို ကိုင်တွယ်ဖို့ ဆန္ဒမရှိပဲ ဥရောပ ကလပ်အသင်းတွေမှာသာ ဆက်လက် ကျင်လည်လိုနေပြီး လာမယ့်နွေမှာလည်း ပီအက်စ်ဂျီ ဂျုဗင်တပ်စ်တို့လို အသင်းတွေက နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖွယ်ပါ ရှိနေတဲ့ အသင်းတွေက ဇီဒန်းကို ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ပါတယ်။

ဇီဒန်းကိုယ်တိုင်ကလည်း လာမယ့် ရာသီမှာ နည်းပြနယ်ပယ်ထဲကို ပြန်လည် ဝင်ရောက်လာမယ်လို့ အတိအလင်း ထုတ်ပြန်ထားတဲ့အတွက် ဘယ်အသင်းကို တာဝန်ယူ ကိုင်တွယ်ပြီး ဘောလုံးနယ်ပယ်ထဲကို ပြန်ဝင်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။