ေဘာလုံးသမားဘဝမွာ အရမ္းကုိ ေအာင္ျမင္လြန္းခဲ႔ၿပီး အသင္းေတြနဲ႔ေရာ တစ္ဦးခ်င္းအလုိက္ပါ ဆုတံဆိပ္ေပါင္းမ်ားစြာ ပုိင္ဆုိင္ႏုိင္ခဲ႔တဲ႔ ဇီဒန္းဟာ နည္းျပေလာကထဲကုိ ဝင္ေရာက္လာခ်ိန္မွာလည္း သူရဲ႕ ကလပ္အသင္းေဟာင္းျဖစ္ခဲ႔တဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကုိ ကုိင္တြယ္ခြင့္ရခဲ႔ၿပီး ကမာၻေပၚမွာ ဘယ္နည္းျပကမွ မရယူႏုိင္ဖူးေသးတဲ႔ ေအာင္ျမင္မႈတစ္ခုျဖစ္တဲ႔ ခ်န္ပီယံလိဂ္ဖလားကုိ ၃ႏွစ္ဆက္တုိက္ ရယူေပးႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ ဇီဒန္းဟာ ရီးရဲလ္နဲ႔ ၿပီးခဲ႔တဲ႔ႏွစ္စပုိင္းမွာပဲ လက္တြဲျဖဳတ္ခဲ႔ကာ လပုိင္းေလာက္ျပန္အၾကာမွာပဲ အသင္းနဲ႔ ျပန္လက္တြဲခဲ႔ပါတယ္။

Photo Credit : Bleacher Report

ကစားသမားတစ္ေယာက္ နည္းျပတစ္ေယာက္ကုိ ေခၚယူဖုိ႔ဆုိတာ ဒီကစားသမား ဒါမွမဟုတ္ ဒီနည္းျပရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ကတိေပးခ်က္ေတြကုိ လုပ္ေဆာင္ရမွာျဖစ္သလုိ တကယ္အသင္းနဲ႔ ပူးေပါင္းလာခ်ိန္မွာလည္း ကမ္းလွမ္းခဲ႔စဥ္တုန္းက ကတိေပးထားခဲ့တဲ႔ အရာေတြကုိ မျဖစ္မေန ေဆာင္ရႊက္ေပးရမွာျဖစ္ပါတယ္။ ရီးရဲလ္အသင္းကလည္း ပရိသတ္အခ်စ္ေတာ္ ဇီဒန္းကုိ ဒုတိယအႀကိမ္အျဖစ္ ျပန္လည္ေခၚယူခဲ႔စဥ္တုန္းက ဇီဒန္းအလုိရွိမယ့္ ကစားသမားေတြကုိ ေခၚယူေပးမယ္လုိ႔ ကတိေပးခဲ႔ေပမယ့္ ေပါလ္ေပါ့ဘာကုိ မေခၚယူႏုိင္ခဲ႔တာနဲ႔ပတ္သက္ၿပီး ဇီဒန္းနဲ႔ အသင္းဥကၠဌပီရက္ဇ္တုိ႔ၾကားမွာ အဆင္မေျပမႈေတြက ပုိမုိႀကီးထြားလာခဲ႔ပါတယ္။

Photo Credit : Tribuna.com

ပီရက္ဇ္က ဒီႏွစ္ေဘာလုံးရာသီမွာ ဇီဒန္းအတြက္ ကစားသမားေခၚယူမႈအျဖစ္ ေပါင္သန္း၃၀၀ရာေက်ာ္အထိ အသုံးျပဳခဲ႔ၿပီး ဟာဇက္ ဂ်ိဳဗစ္ မန္ဒီ မီလီတာအုိတုိ႔လုိ ကစားသမားေကာင္းေတြမ်ားစြာ ေခၚယူေပးႏုိင္ခဲ႔ေပမယ့္ ဇီဒန္းကေတာ့ အသင္းရဲ႕ ကြင္းလယ္ပုိင္းေမာင္းႏွင္အား ပုိမုိေကာင္းမြန္ေစလာဖုိ႔နဲ႔ အသက္အရႊယ္အရ အက်ပုိင္းေရာက္ေနတဲ႔ မုိဒရစ္ရဲ႕ ေနရာမွာ အစားထုိးႏုိင္ဖုိ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ျပင္သစ္ကြင္းလယ္လူေပါ့ဘာကုိ ေခၚယူဖုိ႔ အသင္းကုိ ေတာင္းဆုိခဲ႔ေပမယ့္လည္း အသင္းက ေခၚယူေပးခဲ႔ျခင္းမရွိတာေၾကာင့္ အဆုိပါလုပ္ရက္အေပၚမွာ စိတ္ပ်က္လ်က္ရွိေနတာျဖစ္ပါတယ္။

Photo Credit : Deccan Herald

ယူႏုိက္တက္အသင္းက ေပါ့ဘာအတြက္ ေျပာင္းေရႊ႔ေၾကးကုိ ေပါင္သန္း၁၅၀ေလာက္အထိ သတ္မွတ္ထားတာျဖစ္ၿပီး ဒီတန္ေၾကးကုိ ရီးရဲလ္ဘက္ကေန ေပးေခ်သြားဖုိ႔ ဆႏၵမရွိခဲ႔တာေၾကာင့္ ဇီဒန္းရဲ႕ ေမွ်ာ္လင့္ခ်က္က ေသဆုံးသြားခဲ႔ရတာျဖစ္ပါတယ္။ လက္ရွိမွာက ရီးရဲလ္ဘက္ကေန ေပါ့ဘာအစား ေနမာကုိ ေခၚယူေပးဖုိ႔ လုပ္ေဆာင္ေနတယ္ဆုိေပမယ့္ ေနမာနဲ႔ေပါ့ဘာဟာ ကစားတဲ႔ေနရာခ်င္း တူညီျခင္းမရွိတဲ႔အျပင္ ဇီဒန္းကုိယ္တုိင္ကလည္း ေနမာထက္ ဘာေပကုိ ေခၚယူေပးဖုိ႔ကုိသာ ေတာင္းဆုိထားခဲ႔တာျဖစ္လုိ႔ သူတုိ႔ႏွစ္ေယာက္ၾကားမွာ မေက်မလည္မႈေတြက ပုိမုိျမင့္မားလာႏုိင္ၿပီး ဇီဒန္းမွာလည္း ရီးရဲလ္ကေန ဒုတိယအႀကိမ္ ျပန္လည္ထြက္ခြာသြားႏုိင္ပါတယ္။

(Unicode)

ဘောလုံးသမားဘဝမှာ အရမ်းကို အောင်မြင်လွန်းခဲ့ပြီး အသင်းတွေနဲ့ရော တစ်ဦးချင်းအလိုက်ပါ ဆုတံဆိပ်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဇီဒန်းဟာ နည်းပြလောကထဲကို ဝင်ရောက်လာချိန်မှာလည်း သူရဲ့ ကလပ်အသင်းဟောင်းဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပြီး ကမ္ဘာပေါ်မှာ ဘယ်နည်းပြကမှ မရယူနိုင်ဖူးသေးတဲ့ အောင်မြင်မှုတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ၃နှစ်ဆက်တိုက် ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဇီဒန်းဟာ ရီးရဲလ်နဲ့ ပြီးခဲ့တဲ့နှစ်စပိုင်းမှာပဲ လက်တွဲဖြုတ်ခဲ့ကာ လပိုင်းလောက်ပြန်အကြာမှာပဲ အသင်းနဲ့ ပြန်လက်တွဲခဲ့ပါတယ်။

Photo Credit : Bleacher Report

ကစားသမားတစ်ယောက် နည်းပြတစ်ယောက်ကို ခေါ်ယူဖို့ဆိုတာ ဒီကစားသမား ဒါမှမဟုတ် ဒီနည်းပြရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကတိပေးချက်တွေကို လုပ်ဆောင်ရမှာဖြစ်သလို တကယ်အသင်းနဲ့ ပူးပေါင်းလာချိန်မှာလည်း ကမ်းလှမ်းခဲ့စဉ်တုန်းက ကတိပေးထားခဲ့တဲ့ အရာတွေကို မဖြစ်မနေ ဆောင်ရွှက်ပေးရမှာဖြစ်ပါတယ်။ ရီးရဲလ်အသင်းကလည်း ပရိသတ်အချစ်တော် ဇီဒန်းကို ဒုတိယအကြိမ်အဖြစ် ပြန်လည်ခေါ်ယူခဲ့စဉ်တုန်းက ဇီဒန်းအလိုရှိမယ့် ကစားသမားတွေကို ခေါ်ယူပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ပေါလ်ပေါ့ဘာကို မခေါ်ယူနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဇီဒန်းနဲ့ အသင်းဥက္ကဌပီရက်ဇ်တို့ကြားမှာ အဆင်မပြေမှုတွေက ပိုမိုကြီးထွားလာခဲ့ပါတယ်။

Photo Credit : Tribuna.com

ပီရက်ဇ်က ဒီနှစ်ဘောလုံးရာသီမှာ ဇီဒန်းအတွက် ကစားသမားခေါ်ယူမှုအဖြစ် ပေါင်သန်း၃၀၀ရာကျော်အထိ အသုံးပြုခဲ့ပြီး ဟာဇက် ဂျိုဗစ် မန်ဒီ မီလီတာအိုတို့လို ကစားသမားကောင်းတွေများစွာ ခေါ်ယူပေးနိုင်ခဲ့ပေမယ့် ဇီဒန်းကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းမောင်းနှင်အား ပိုမိုကောင်းမွန်စေလာဖို့နဲ့ အသက်အရွှယ်အရ အကျပိုင်းရောက်နေတဲ့ မိုဒရစ်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူပေါ့ဘာကို ခေါ်ယူဖို့ အသင်းကို တောင်းဆိုခဲ့ပေမယ့်လည်း အသင်းက ခေါ်ယူပေးခဲ့ခြင်းမရှိတာကြောင့် အဆိုပါလုပ်ရက်အပေါ်မှာ စိတ်ပျက်လျက်ရှိနေတာဖြစ်ပါတယ်။

Photo Credit : Deccan Herald

ယူနိုက်တက်အသင်းက ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း၁၅၀လောက်အထိ သတ်မှတ်ထားတာဖြစ်ပြီး ဒီတန်ကြေးကို ရီးရဲလ်ဘက်ကနေ ပေးချေသွားဖို့ ဆန္ဒမရှိခဲ့တာကြောင့် ဇီဒန်းရဲ့ မျှော်လင့်ချက်က သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာက ရီးရဲလ်ဘက်ကနေ ပေါ့ဘာအစား နေမာကို ခေါ်ယူပေးဖို့ လုပ်ဆောင်နေတယ်ဆိုပေမယ့် နေမာနဲ့ပေါ့ဘာဟာ ကစားတဲ့နေရာချင်း တူညီခြင်းမရှိတဲ့အပြင် ဇီဒန်းကိုယ်တိုင်ကလည်း နေမာထက် ဘာပေကို ခေါ်ယူပေးဖို့ကိုသာ တောင်းဆိုထားခဲ့တာဖြစ်လို့ သူတို့နှစ်ယောက်ကြားမှာ မကျေမလည်မှုတွေက ပိုမိုမြင့်မားလာနိုင်ပြီး ဇီဒန်းမှာလည်း ရီးရဲလ်ကနေ ဒုတိယအကြိမ် ပြန်လည်ထွက်ခွာသွားနိုင်ပါတယ်။