ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕ ေတာင္ပံကစားသမားျဖစ္သူ ဇာဟာဟာ ပရီးမီးယားလိဂ္ရဲ႕ၿပီးခ့ဲတ့ဲေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ ခရစၥတယ္ပဲေလ့စ္အသင္းက စြန္႔ခြာဖုိ႔ ျပင္ဆင္ခ့ဲေပမယ့္ အဆင္မေျပျဖစ္ခ့ဲၿပီး လက္ရွိအခ်ိန္မွာေတာ့ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔သာ ေဘာလံုးရာသီအသစ္တစ္ခုကုိ ျဖတ္သန္းဖုိ႔အစျပဳေနရၿပီျဖစ္ပါတယ္။ ဇာဟာကို ေခၚယူဖုိ႔ ပရီးမီးယားလိဂ္ကလပ္အသင္းမ်ားျဖစ္ၾကတ့ဲ အာဆင္နယ္၊ အဲဗာတန္တို႔က ႀကိဳးစားခ့ဲၾကၿပီး ကစားသမားကုိယ္တုိင္ကလည္း အသင္းကထြက္ခြာခြင့္ေတာင္းခံခ့ဲေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းေတာင္းဆုိေနတ့ဲ ေျပာင္းေရႊ႕ေၾကးေပါင္သန္း (၈၀) နဲ႔ သန္း (၁၂၀) ၾကားပမာဏကုိ ေပးေခ်ႏုိင္တ့ဲအသင္းမရွိခ့ဲတာေၾကာင့္ အေျပာင္းအေရႊ႕အားလံုးပ်က္ျပယ္ခ့ဲရတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဇာဟာအေနနဲ႔အဆုိပါျဖစ္ရပ္ကို အႀကီးအက်ယ္ေဒါသေပါက္ကြဲခ့ဲၿပီး အသင္းနဲ႔ေလ့က်င့္ခန္းဆင္းဖုိ႔ ျငင္းဆန္ခ့ဲကာ တစ္ေယာက္တည္းသီးသန္႔ေလ့က်င့္ခန္းဆင္းေနခ့ဲေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းေဖာ္ဆာခုိ ျပဳလုပ္ခ့ဲတ့ဲကစားသမားအစည္းအေဝးအၿပီးမွာေတာ့ အသင္းနဲ႔အတူ ျပန္လည္ပူးေပါင္းၿပီး ေလ့က်င့္ခန္းဆင္းခ့ဲျခင္းျဖစ္ေၾကာင္း The Sun သတင္းစာကေဖာ္ျပခ့ဲပါတယ္။ နည္းျပရြိဳင္းေဟာ့ဒ္ဆန္မပါဝင္တ့ဲ အဆုိပါကစားသမားအစည္းအေဝးကို ေနာက္ခံလူဆာခိုက ဦးစီးၿပီးစီစဥ္ခ့ဲတာျဖစ္ၿပီး ဆာခုိကဇာဟာကုိ လာမယ့္ေဆာင္းရာသီအေျပာင္းအေရႊ႕မတုိင္ခင္အထိ ခရစၥတယ္ပဲေလ့စ္အသင္းအတြက္ ရာႏႈန္းျပည့္ေပးဆပ္ဖို႔ ေတာင္းဆိုခ့ဲေၾကာင္း သိရွိရပါတယ္။

Photo Credit : Getty Images

နည္းျပရြိဳင္းေဟာ့ဒ္ဆန္ကလည္း ဇာဟာကို ေကာင္းမြန္တ့ဲခံစားခ်က္မရွိေသးဘူးဆုိတ့ဲ အေၾကာင္းျပခ်က္နဲ႔ အိမ္ျပန္ပို႔ခ့ဲၿပီးျဖစ္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဇာဟာတစ္ေယာက္အသင္းနဲ႔ ျပန္လည္ပူးေပါင္းခ့ဲတာေၾကာင့္ အဲဗာတန္အသင္းနဲ႔ကစားခ့ဲတ့ဲ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ရရွိခ့ဲပါတယ္။ ဇာဟာကိုေအာင္ျမင္စြာခ်ီးက်ဴးႏုိင္ခ့ဲတ့ဲ ဆာခိုရဲ႕လုပ္ရပ္က ခ်ီးက်ဴးစရာျဖစ္ခ့ဲၿပီး ဇာဟာအေနနဲ႔လည္း ေနာက္ထပ္အေျပာင္းအေရႊ႕ရာသီမစတင္ခင္အခ်ိန္အထိ ခရစၥတယ္ပဲလ့စ္အသင္းအတြက္ အေကာင္းဆံုး ေပးဆပ္ကစားသြားဖုိ႔လည္း ရွိေနၿပီျဖစ္္ပါတယ္။

Photo Credit : Getty Images

အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိေႏြရာသီအေျပာင္းအေရႊ႕အစပုိင္းမွာ ဇာဟာကုိ ေခၚယူဖို႔ ဆက္တုိက္ႀကိဳးစားခ့ဲေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းေတာင္းဆိုတ့ဲ ေျပာင္းေရႊ႕ေၾကးပမာဏေၾကာင့္ အခက္ေတြ႕ခ့ဲရသလို အဲဗာတန္အသင္းကလည္း ဇာဟာအတြက္ ေျပာင္းေရႊ႕ေၾကးေပါင္ (၄၅) သန္းမွစတင္ကာ ေပါင္ (၅၅) သန္း၊ ေပါင္သန္း (၆၀) တို႔အျပင္ အသင္းရဲ႕ကစားသမားႏွစ္ေယာက္ကိုပါ အလိုက္ေပးၿပီး ခရစၥတယ္ပဲေလ့စ္အသင္းအလိုရွိတ့ဲ ေျပာင္းေရႊ႕ေၾကးနဲ႔ အနီးစပ္ဆံုးျဖစ္ေအာင္ ႀကိဳးစားခ့ဲေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းကေတာ့ ဇာဟာအတြက္ ေျပာင္းေရႊ႕ေၾကးကိုေငြသားသပ္သပ္နဲ႔သာ အလုိရွိေနခ့ဲတာလည္း ျဖစ္ပါတယ္။ အဲဗာတန္အသင္းကလည္း ဇာဟာအတြက္ တစ္ပတ္လုပ္ခေပါင္ (၂) သိန္းအထိေပးေခ်မယ္ဆုိတ့ဲ မက္လံုးနဲ႔ စည္းရံုးသိမ္းသြင္းခ့ဲၿပီး ဇာဟာအေနနဲ႔ အဲဗာတန္ကုိ ေျပာင္းေရႊ႕ဖုိ႔ သေဘာတူညီခ့ဲေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းေၾကာင့္သာ အေျပာင္းအေရႊ႕ပ်က္ျပယ္ခ့ဲရတာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာ အေျပာင္းအေရႊ႕ပိတ္ပင္တ့ဲ ျပစ္ဒဏ္ခ်မွတ္ခံထားရတ့ဲ ခ်ဲလ္ဆီးအသင္းက အယူခံတင္သြင္းထားၿပီး လာမယ့္ေဆာင္းရာသီအေျပာင္းအေရႊ႕မွာသာ ကစားသမားသစ္ေခၚယူခြင့္ ျပန္လည္ရရွိခ့ဲမယ္ဆုိပါက ဇာဟာအတြက္ ခရစၥတယ္ပဲေလ့စ္အသင္းေတာင္းဆိုေနတ့ဲ ေျပာင္းေရႊ႕ေၾကးေပါင္သန္း (၈၀) ပမာဏျဖင့္ ကမ္းလွမ္းၿပီး ေခၚယူသြားမွာျဖစ္ေၾကာင္း သတင္းမ်ားလည္းထြက္ေပၚလ်က္ရွိပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အသင္းရဲ႕အဓိကေတာင္ပံကစားသမားတစ္ဦးျဖစ္သူ ဟာဇက္ကုိ ရီးရဲယ္မက္ဒရစ္အသင္းထံ လက္လႊတ္ထားရၿပီး လက္ရွိအခ်ိန္အထိ လံုေလာက္တ့ဲအင္အားျဖည့္တင္းမႈမ်ား ျပဳလုပ္ရျခင္းမရွိေသးတာေၾကာင့္ အခုလိုပဲ ဇာဟာကိုေခၚယူဖုိ႔ ပစ္မွတ္ထားလ်က္ရွိေနတာလည္း ျဖစ္ပါတယ္။

(Unicode)

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ ဇာဟာဟာ ပရီးမီးယားလိဂ်ရဲ့ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက စွန့်ခွာဖို့ ပြင်ဆင်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့သာ ဘောလုံးရာသီအသစ်တစ်ခုကို ဖြတ်သန်းဖို့အစပြုနေရပြီဖြစ်ပါတယ်။ ဇာဟာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်ကြတဲ့ အာဆင်နယ်၊ အဲဗာတန်တို့က ကြိုးစားခဲ့ကြပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းကထွက်ခွာခွင့်တောင်းခံခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းတောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း (၈၀) နဲ့ သန်း (၁၂၀) ကြားပမာဏကို ပေးချေနိုင်တဲ့အသင်းမရှိခဲ့တာကြောင့် အပြောင်းအရွှေ့အားလုံးပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဇာဟာအနေနဲ့အဆိုပါဖြစ်ရပ်ကို အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့ပြီး အသင်းနဲ့လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်ခဲ့ကာ တစ်ယောက်တည်းသီးသန့်လေ့ကျင့်ခန်းဆင်းနေခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းဖော်ဆာခို ပြုလုပ်ခဲ့တဲ့ကစားသမားအစည်းအဝေးအပြီးမှာတော့ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းပြီး လေ့ကျင့်ခန်းဆင်းခဲ့ခြင်းဖြစ်ကြောင်း The Sun သတင်းစာကဖော်ပြခဲ့ပါတယ်။ နည်းပြရွိုင်းဟော့ဒ်ဆန်မပါဝင်တဲ့ အဆိုပါကစားသမားအစည်းအဝေးကို နောက်ခံလူဆာခိုက ဦးစီးပြီးစီစဉ်ခဲ့တာဖြစ်ပြီး ဆာခိုကဇာဟာကို လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မတိုင်ခင်အထိ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်ဖို့ တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။

Photo Credit : Getty Images

နည်းပြရွိုင်းဟော့ဒ်ဆန်ကလည်း ဇာဟာကို ကောင်းမွန်တဲ့ခံစားချက်မရှိသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ပြန်ပို့ခဲ့ပြီးဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ဇာဟာတစ်ယောက်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့တာကြောင့် အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဇာဟာကိုအောင်မြင်စွာချီးကျူးနိုင်ခဲ့တဲ့ ဆာခိုရဲ့လုပ်ရပ်က ချီးကျူးစရာဖြစ်ခဲ့ပြီး ဇာဟာအနေနဲ့လည်း နောက်ထပ်အပြောင်းအရွှေ့ရာသီမစတင်ခင်အချိန်အထိ ခရစ္စတယ်ပဲလ့စ်အသင်းအတွက် အကောင်းဆုံး ပေးဆပ်ကစားသွားဖို့လည်း ရှိနေပြီဖြစ််ပါတယ်။

Photo Credit : Getty Images

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိနွေရာသီအပြောင်းအရွှေ့အစပိုင်းမှာ ဇာဟာကို ခေါ်ယူဖို့ ဆက်တိုက်ကြိုးစားခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏကြောင့် အခက်တွေ့ခဲ့ရသလို အဲဗာတန်အသင်းကလည်း ဇာဟာအတွက် ပြောင်းရွှေ့ကြေးပေါင် (၄၅) သန်းမှစတင်ကာ ပေါင် (၅၅) သန်း၊ ပေါင်သန်း (၆၀) တို့အပြင် အသင်းရဲ့ကစားသမားနှစ်ယောက်ကိုပါ အလိုက်ပေးပြီး ခရစ္စတယ်ပဲလေ့စ်အသင်းအလိုရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ ဇာဟာအတွက် ပြောင်းရွှေ့ကြေးကိုငွေသားသပ်သပ်နဲ့သာ အလိုရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ အဲဗာတန်အသင်းကလည်း ဇာဟာအတွက် တစ်ပတ်လုပ်ခပေါင် (၂) သိန်းအထိပေးချေမယ်ဆိုတဲ့ မက်လုံးနဲ့ စည်းရုံးသိမ်းသွင်းခဲ့ပြီး ဇာဟာအနေနဲ့ အဲဗာတန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းကြောင့်သာ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ အပြောင်းအရွှေ့ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ချဲလ်ဆီးအသင်းက အယူခံတင်သွင်းထားပြီး လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာသာ ကစားသမားသစ်ခေါ်ယူခွင့် ပြန်လည်ရရှိခဲ့မယ်ဆိုပါက ဇာဟာအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းတောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း (၈၀) ပမာဏဖြင့် ကမ်းလှမ်းပြီး ခေါ်ယူသွားမှာဖြစ်ကြောင်း သတင်းများလည်းထွက်ပေါ်လျက်ရှိပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းရဲ့အဓိကတောင်ပံကစားသမားတစ်ဦးဖြစ်သူ ဟာဇက်ကို ရီးရဲယ်မက်ဒရစ်အသင်းထံ လက်လွှတ်ထားရပြီး လက်ရှိအချိန်အထိ လုံလောက်တဲ့အင်အားဖြည့်တင်းမှုများ ပြုလုပ်ရခြင်းမရှိသေးတာကြောင့် အခုလိုပဲ ဇာဟာကိုခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိနေတာလည်း ဖြစ်ပါတယ်။