မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ အသက္ ၃၄ႏွစ္အရြယ္ ဝါရင့္ကစားသမားႀကီး အက္ရွေလယန္းကေတာ့ အသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ လူကာကူ ၊ ဆန္းခ်က္တို႔ လက္ရွိမွာ ကစားေနတဲ့ စီးရီးေအကလပ္ အင္တာမီလန္အသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီမွု ရရွိသြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

Photo Credit: SkySports.com

အက္ရွေလယန္းဟာ ယူနိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း၆လသာ က်န္ရွိေတာ့သူ ျဖစ္ၿပီး ရာသီကုန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ရရွိထားသူျဖစ္ေပမယ့္ အင္တာအသင္းအေနနဲ႔ ယခုအေျပာင္းအေရႊ႕မွာပဲ ေျပာင္းေရႊ႕ေၾကး အနည္းငယ္ေပးေခ်ကာ ေခၚယူသြားမွာပဲ ျဖစ္ပါတယ္။

Photo Credit: SkySports.com

အက္ရွေလယန္းနဲ႔ အင္တာမီလန္ရဲ့ သတင္းေတြနဲ႔ ပတ္သတ္ၿပီး ဆိုးလ္ရွားကို ေမးျမန္းခဲ့ရာမွာေတာ့ ” အခုခ်ိန္က ကစားသမားေတြရဲ့ အေျပာင္းအေရႊ႕အေၾကာင္းကို ေျပာေနရမယ့္ အခ်ိန္မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ဟာ စာခ်ဳပ္ သက္တမ္းအနည္းငယ္ က်န္ေသးတဲ့ ကစားသမားေတြကိုလည္း ထိန္းသိမ္းခ်င္ပါတယ္။ ဒီကိစၥကို ခင္ဗ်ားတို႔အေနနဲ႔ အက္ရွေလယန္းကို သြားေမးသင့္ပါတယ္ ” လို႔ ေျဖဆိုသြားခဲ့ပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက် ၃၄နှစ်အရွယ် ဝါရင့်ကစားသမားကြီး အက်ရှလေယန်းကတော့ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ လူကာကူ ၊ ဆန်းချက်တို့ လက်ရှိမှာ ကစားနေတဲ့ စီးရီးအေကလပ် အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: SkySports.com

အက်ရှလေယန်းဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း၆လသာ ကျန်ရှိတော့သူ ဖြစ်ပြီး ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိထားသူဖြစ်ပေမယ့် အင်တာအသင်းအနေနဲ့ ယခုအပြောင်းအရွှေ့မှာပဲ ပြောင်းရွှေ့ကြေး အနည်းငယ်ပေးချေကာ ခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: SkySports.com

အက်ရှလေယန်းနဲ့ အင်တာမီလန်ရဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားကို မေးမြန်းခဲ့ရာမှာတော့ ” အခုချိန်က ကစားသမားတွေရဲ့ အပြောင်းအရွှေ့အကြောင်းကို ပြောနေရမယ့် အချိန်မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ စာချုပ် သက်တမ်းအနည်းငယ် ကျန်သေးတဲ့ ကစားသမားတွေကိုလည်း ထိန်းသိမ်းချင်ပါတယ်။ ဒီကိစ္စကို ခင်ဗျားတို့အနေနဲ့ အက်ရှလေယန်းကို သွားမေးသင့်ပါတယ် ” လို့ ဖြေဆိုသွားခဲ့ပါတယ်။