မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ် တိုက်စစ်ကစားသမာလေး ဖာကန်ဒိုပယ်လစ်ထရီဟာ လက်ရှိမှာ ခြေချင်းဝတ်ဒဏ်ရာ ခံစားနေရတာကြောင့် အသင်းကနေ အငှား ဒါမှမဟုတ် အပြီးသတ် ထွက်ခွာလို့ရမယ့် အခြေအနေမျိုးမှာ မရှိနိုင်တော့တဲ့အတွက် ဒီနှစ်ဘောလုံးရာသီအတွင်း သူရဲ့လက်ရှိကလပ် မန်ယူနိုက်တက်မှာပဲ ဆက်လက် ရှိနေသွားရတော့မှာ ဖြစ်ပါတယ်။

Facundo Pellistri: 'My baby-like signature almost cost me my move to Manchester United' - The Athletic

Photo Credit : The Athletic

အသက်(၂၀)အရွယ်သာ ရှိနေသေးတဲ့ ဥရုဂွေး လူငယ်ကစားသမားလေး ပယ်လစ်ထရီဟာ ၂၀၂၀ခုနှစ်ကမှ ပင်နဲရိုးလ်ကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်ယူနိုက်တက် စီနီယာအသင်းအတွက် ခြေစမ်းပွဲတွေသာ ပါဝင်ခဲ့ရတာဖြစ်ကာ လာလီဂါကလပ် အလာဗက်စ်အသင်းမှာပဲ နှစ်ကြိမ်ဆက် အငှားနဲ့ ထွက်ကစားထားခဲ့ရပါတယ်။ လက်ရှိ အသင်းနည်းပြ အဲရစ်တန်ဟက်ဂ် လက်ထက်မှာလည်း အသင်းအတွင်း နေရာရဖို့ မရေမရာ ဖြစ်နေရတဲ့ ပယ်လစ်ထရီဟာ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ရက်သတ္တပတ်များစွာ အနားယူသွားရတော့မှာဖြစ်ပြီး ပယ်လစ်ထရီရဲ့ အနာဂတ်ကလည်း ဝိုးတဝါး ဖြစ်လာနိုင်ပါတယ်။

United fans excited to see possible Facundo Pellistri debut - United In Focus

Photo Credit : United in Focus

စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်အရ ပယ်လစ်ထရီဟာ သူရဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် (၆)ပတ်ကနေ (၈)ပတ်လောက်ထိကို အနားယူရတော့မှာဖြစ်လို့ ပယ်လစ်ထရီက စက်တင်ဘာလလယ်ပိုင်းလောက်အထိ အနားယူရတော့မှာဖြစ်တဲ့အတွက် ဒီဈေးကွက်ထဲမှာ အသင်းကနေ အလွတ်ရော အပြီးသတ်ပါ ပြောင်းရွှေ့နိုင်တော့မှာ မဟုတ်ပဲ မန်ယူနိုက်တက်မှာသာ ဆက်လက် ကျန်ရှိနေရတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ နည်းပြတန်ဟက်ဂ်အနေနဲ့ ဈေးကွက်ထဲ တိုက်စစ်ပိုင်းအတွက် ကစားသမား ဖြည့်တင်းမှု ပြုလုပ်နိုင်ပြီး သူဖြည့်တင်းလိုက်တဲ့ ကစားသမားကလည်း အသင်းအတွက် အကျိုးရှိစေမယ်ဆိုရင်တော့ ပယ်လစ်ထရီအတွက် အသင်းမှာ နေရာဆက်ပျောက်ရဖို့က သေချာသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ကစားသမား မဖြည့်တင်းခဲ့ဘူး ဒါမှမဟုတ် ဖြည့်တင်းလိုက်တဲ့ ကစားသမားက အသင်းမှာ အံ့မဝင်ဘူးဆိုရင်တော့ တန်ဟက်ဂ်အနေနဲ့ ပယ်လစ်ထရီကို နေရာပေးလာနိုင်သလို ပယ်လစ်ထရီကလည်း ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့မယ်ဆိုရင် ယူနိုက်တက်ရဲ့ တိုက်စစ်အားနည်းမှုကို ဖြေရှင်းနိုင်လိုက်သလို ဖြစ်လာမယ့်အပြင် ပယ်လစ်ထရီရဲ့ ယူနိုက်တက် ကစားသမားဘဝ အနာဂတ် အခြေအနေကလည်း ခိုင်မာလာမှာ သေချာပါတယ်။